စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ – Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက် မနေ့ကညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကောလင်းမြို့နယ်အရှေ့ခြမ်း ဖလဲကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဗုံးသီးကျရောက်ရာ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး ၁၀ မိနစ်ခန့်အကြာမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ၀န်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတစ်နေရာကိုလည်း လေ‌ကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် ရှေ့တန်းရောက် ဒဏ်ရာရရဲဘော်တွေဆီ သွားရောက်တွေ့ဆုံအားပေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ရှေ့တန်းတစ်နေရာမှာရှိတဲ့ ဒဏ်ရာရ ရဲဘော်တွေဆီ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ဆေးခန်းအသုံးစရိတ်တွေ ထောက်ပံ့ခဲ့တယ်လို့  NUG က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကို ဘင်္ဂလားဒေ့ရှ်ထံ AA က ပြန်လည်လွှဲပြောင်း

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲ ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က နိုဝင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်။
Read More

ရိက္ခာရှာတဲ့ စစ်သားတွေကို ကြားဖြတ် တိုက်ခိုက်၊ ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) ထံက သိရပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နေ့စဉ် လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ဟန်ပြရွေးကောက်ပွဲနီးလာချိန်ကျမှ နိုင်ငံရေးလမ်းကြောင်းကနေ ဖြေရှင်းကြဖို့ တော်လှန်ရေးအင်အားစုတွေကိုပြော

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တွေကို လက်နက်စွန့်ပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဆွေးနွေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။