စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ – Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက် မနေ့ကညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကောလင်းမြို့နယ်အရှေ့ခြမ်း ဖလဲကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဗုံးသီးကျရောက်ရာ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး ၁၀ မိနစ်ခန့်အကြာမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ၀န်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတစ်နေရာကိုလည်း လေ‌ကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမ၊ ဆွာဆည်တမံပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်၊ ဗိုလ်ကြီးအဆင့်ရှိသူတွေအပါ ၆ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

"ဆွာမြို့နယ်ထဲမှာရှိတဲ့ ဆွာတမံပေါ်က ရန်သူ့အထိုင်စခန်းကို အလစ်အငိုက်ယူပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ခန့်မှန်း မိနစ် ၄၀ လောက်ကြာပါတယ်။ ဟုတ်ပါတယ် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရှေ့မှာလည်း တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း​တို့နဲ့ ပေါင်းပြီးစစ်ရေးဖော်ဆောင်ခဲ့တာတွေအများကြီးရှိခဲ့ပေမယ့် အခုမှ လူထုကိုချပြတာပါ။" လို့ တိုက်ပွဲဖော်ဆော်ရာမှာပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူကလည်း မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ အာဇာနည်နေ့ကို မမေ့လျော့စေရန် စလင်း(ပကဖ) ရဲဘော်များ နှင်းဆီပန်းများ ကမ်းဝေကာ နှိုးဆော် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူတွေကို ဇူလိုင်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် (၇၈) ကြိမ်မြောက် "အာဇာနည်နေ့" ကို မမေ့‌လျော့နေစေဖို့ စလင်း(ပကဖ) ရဲဘော်တွေ နှင်းဆီပန်းများ ကမ်းပေးကာ သတိပေးနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝေါ်လေအကြမ်းဖက်စစ်တပ်စခန်းကနေ ဈေးထွက်ဝယ်တဲ့ကား ပစ်ခတ်ခံရပြီး စစ်သား၂ ယောက် သေကာ ၃ ယောက် ဒဏ်ရာရ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေစခန်းကနေ ကျေးရွာအတွင်း ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ကျဉ်းတွေချန်ထားပြီး အကျဉ်းသား ၆၀၀၀ ကျော်ကို အကြမ်းဖက်စစ်တပ် လွှတ်ပေး၊ ထုံးစံအတိုင်း ခိုးဆိုးလုနှိုက်တွေသာ လွှတ်ပေးတဲ့အထဲအများစု ပါဝင်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အတိုက်အခံခေါင်းဆောင်တွေတစ်ဦးမှ မပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အကျဉ်းသူ၊ အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။ 
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ မြို့တော် ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။