စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့မှာ သရုပ်ဆောင်ခါရာက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

”သရုပ်ဆောင်တစ်ယောက်က ဘာလို့ သူများနိုင်ငံသံရုံးရှေ့မှာ ဆန္ဒပြနေရတာလဲ။ နေရာတွေလွဲနေပြီ။ ဒါသရုပ်ဆောင်တစ်ယောက်ရဲ့ အလုပ်မဟုတ်ဘူး။ ဘာလို့လုပ်နေရလဲ။ ကိုယ်ချင်းစာစိတ်ကြောင့်ပဲ။ သရုပ်ဆောင်ဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပဲ။ ပြည်သူတွေ ခံစားနေရသလိုပဲ ခံစားနေရတယ်။ ဘယ်လိုမှ မျက်ကွယ်ပြုလို့မရဘူး။ ဒါကြောင့်ဒီလမ်းကိုရွေးချယ်ခဲ့တယ်။ လူပီသချင်လို့” ဟု ခါရာက ဆိုပါတယ်။

ခါရာဟာ မြန်မာနိုင်ငံအနှံ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တရုတ်ဘာသာစကားနဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ အာဏာရှင်နဲ့အတူ ရပ်တည်တာကို ရပ်တန့်ပြီး မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Video – Khar Ra

0 Shares:
You May Also Like
Read More

လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် ​မြန်မာအတုအယောင်ရွေးကောက်ပွဲအသိမပြုရန် တရုတ်ဘာသာစကားဖြင့် ဆန္ဒထုတ်ဖော် (ရုပ်/သံ)

လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ စစ်ကော်မရှင်က ပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို တရုတ်အစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဒီပဲယင်းမြို့နယ်မှာ ဘောလုံးပွဲကြည့်နေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းကို လက်ဖက်ရည်ဆိုင်မှာ အားပေးနေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်း ဘောလုံးပွဲကို ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 က တပ်ထိန်းလှမောင် ရှင်းလင်းနေတဲ့ ရုပ်သံဖိုင်တစ်ခုကို ကရင်အမျိုးသားများ ကာကွယ်ရေးတပ် KNDF/B-17 က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ မျှဝေလိုက်ပါတယ်။
Read More

ခရီးသည် ၁၇၉ ဦး လိုက်ပါလာတဲ့ American Airlines လေယာဥ်မီးလောင်၊ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်နိုင်ခဲ့

အမေရိကန် Denver အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ American Airlines လေကြောင်း လေယာဉ်တစ်စင်းဟာ မထွက်ခွာမီ လေယာဉ်ဘီးချို့ယွင်းမှုကတဆင့် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာအထိုင်ရဲစခန်းကို စစ်ကူပေးပြီး စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာချုပ်ကို ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည် သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးပြန် ‌ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူများ အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဆုတောင်းစကားတွေပြောဆိုပြီး အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့  အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။