စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Fight For Freedom က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၆ ရက်က ရွှေဘိုမြို့တောင်ဘက်အထွက်မုဒ်ဦးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ် သားတွေဟာ ရွှေဘို-မန္တလေးကားလမ်းအတိုင်း တောင်ဘက်ကို ကင်းထွက်လာချိန် တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို အဝေးထိန်းမိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၄၀ ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများနိုင်ပြီး ကညနရုံး စစ်စခန်းကနေ လက်နက်ကြီးပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း တပ်ခွဲ(၂)၊ Fight For Freedom FFF PDF ၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ် တိုက်နယ်( ၅ ) ပကဖ ၊ တဂဏ နဂါးမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခွပ်ဒေါင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေါင်းအောင်လံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Fight For Freedom

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်အုပ်စုကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော် မရှင်တပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်သားကို စနိုက်ပါနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ဖော်ပြထားပါတယ်။
Read More

BGF နှင့် စစ်တပ် ရွှေကုက္ကိုလ်တွင် ကျားဖြန့်များကို ခွင့်ပြုထားပြီးမှ ဖိအားများကြောင့် ပြန်လည်စီးနင်း၊ နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းမိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာ စစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နိုင်ငံခြားသား ၃၄၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်က မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်တွေကို နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်း နိုင်ငံ ၆ခုပါ ကျားဖြန့်နှိမ်နင်းရေး ဖွဲ့စည်းမှုအပြီး အာဏာသိမ်းစစ်တပ်နဲ့ BGF တို့က အခုလို စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Read More

Popa Guerilla Force (PGF) တပ်ဖွဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force (PGF) တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ပထမဆုံးရက်မှာ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ကို ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။