ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက ယမ်းသိုလှောင်ရာနေရာကို စစ်အုပ်စုက ဇွန်လ ၉ ရက် မနက် ၁ နာရီလောက်မှာ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဆိပ်မူကျေးရွာ သုဿာန်ရှေ့၊ မှော်လကင်အတက်လမ်းရှိ ယမ်းသိုလှောင်ထားတဲ့ ၂ ထပ်အိမ်တစ်လုံးနဲ့ ခြောက်ဘီးကား ၃ စီး မီးလောင်ပျက်စီးသွားသလို ခြံစောင့်တစ်ယောက်လည်း (မစိုးရိမ်) ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“ဒီနေ့မနက်ဖြစ်သွားတဲ့နေရာက ဘာသာပေါင်းစုံသချိုင်းကုန်း  ရှေ့တည့်တည့်မှာရှိတဲ့ အိမ်ဝန်းမှာဖြစ်သွားတာ။ သင်္ချိုင်းကုန်းဘက်အထွက်ဆိုတော့ အဲ့ဘက်မှာက တခြားအိမ်မရှိဘူး။ သူတို့ပဲ သီးသန့်လိုဖြစ်နေတာကို အဲ့နေရာမှာယမ်းတွေတင်တဲ့ ကား၃စီး ရှိတယ်။ အဲဒါကို စစ်တပ်အနေနဲ့က သတင်းအတိအကျရလို့ ဒရုန်းနဲ့ အတိအကျ ကြဲတယ်လို့ ယူဆကြတယ်။ ဒီယမ်းပိုင်ရှင် ဘယ်သူဘယ်ဝါတော့မသိဘူး။ အဲ့မှာ အစောင့်ပဲထားခဲ့ပြီးတော့ အစောင့်တော့ ထိခိုက်မှုတော့ရှိတယ်။ ဒဏ်ရာရတယ် ဒါပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူး ” လို့ ဖားကန့် နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်အုပ်စုဟာ ဇွန်လအတွင်းမှာပဲ ဖားကန့်နယ်ထဲမှာရှိတဲ့ ယမ်းသိုလှောင်ရာ နေရာတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်လာတာ ၃ ကြိမ်တိုင် ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်က လက်ရှိမှာတော့ ယမ်းတွေကို အဓိကထားပြီး ပစ်မှတ်ထားနေတယ်။ နေရာအတိအကျနဲ့ကို သူကပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်တယ်ပေါ့နော်။ ဒီလိုလုပ်တာ တစ်ပတ်အတွင်း ၃ ကြိမ်ရှိသွားပြီလို့ ပြောလို့ရတယ်။ သူတို့တွေအနေနဲ့ ဗုံးကြဲချပြီးတဲ့နေရာကို သွားတာမျိုးမရှိဘူး၊ သွားလို့လည်းမရဘူး။ သွားချင်ရင် အရင်ဆုံး သူတို့ရှေ့မှာရှိတဲ့ KIA တပ်တွေကို အရင်ဆုံး သူတို့တိုက်ပွဲဖြစ်ပြီးမှပဲ ကျော်နိုင်မှာပေါ့။ နောက်မဟုတ်ရင်တော့ မကျော်နိုင်ဘူးပေါ့။ သွားချင်သလို သွားလို့မရဘူးပေါ့နော်။” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖားကန့်နယ်ထဲမှာ စစ်အုပ်စုနဲ့ KIA ၊ PDF တွေ ထိတွေ့ပစ်ခတ်မှုမရှိပေမယ့်လည်း စစ်ရေးအခြေအနေ တင်းမာနေတဲ့ အနေအထားမှာရှိသလို ဒေသခံတွေကလည်း ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိပေမယ့် သတိနဲ့ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ သူတို့အထိုင်ချထားတဲ့ နေရာတစ်ဝိုက်မှာရှိတဲ့ ကုမ္ပဏီတွေဆီကနေ ဘက်ဟိုး စက်ယန္တယားတွေကိုယူတာ၊ အဆောင်တွေကို မီးရှို့တာမျိုးတွေလည်း ပြုလုပ်တယ်လို့ ဆိုပါတယ်။

“လက်ရှိတော့ ဖားကန့်မှာက စစ်ရေးအနေအထားက တစ်ဖက် နဲ့ တစ်ဖက် သတိထားနေရတဲ့ အခြေအနေလို့ ယူဆလို့ရတယ်။ စစ်ကောင်စီနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတာတွေတော့မရှိဘူး။ ပြည်သူတွေက စောင့်ကြည့်နေတာပေါ့။ ဖားကန့်အပါအဝင် လုံးခင်းကကျတော့လည်း ပြည်သူတွေက စိုးရိမ်ကြောက်လန့်စွာနဲ့ စောင့်ကြည့်နေတဲ့ အနေအထားပဲ ရှိတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ပြေးကြတာ ရှောင်ကြတာတော့ နည်းကြပါသေးတယ်။ စစ်ကောင်စီတပ်က သူ့တပ်တွေ အင်အားဖြည့်တင်းထားတဲ့နေရာတွေက ကုမ္ပဏီတွေကိုဝင်ပြီးတော့ ဘက်ဟိုးတွေကို ယူတာတွေ၊ အဆောင်တွေကို မီးရှို့တာတွေလုပ်တယ်။ အဓိကတော့ သူတို့ ယမ်းစစ်ဆေးတာမျိုးတွေလည်း လုပ်တယ်ပေါ့နော်” လို့ ဖားကန့်နယ်ခံက ဆိုပါတယ်။

ဇွန်လ ၆ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်ကို စစ်အုပ်စုက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ၉ ယောက် သေဆုံးပြီး နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

ဆိပ်မူရွာရှိ ယမ်းသိုလှောင်ရုံ မီးလောင်ပျက်စီးသွားပုံ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓာတ်ငွေ့ပိုက်လိုင်းအနီး အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းရှိ ကလိန်အောင်စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်း အနီး အမျိုးသား အလောင်းတစ်လောင်းကို ဇူလိုင်လ (၂၂) ရက်မှာ ဒေသခံတွေ တွေ့ရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။
Read More

ညီနောင်မဟာမိတ် ၃ ဖွဲ့ ငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလ ၁ လ ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီ အရေးပေါ်ကြေညာ

အပျက်အစီးများပြီး လူအသေအပျောက်များနိုင်တဲ့ ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီက အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ပျက်စီး၊ ညသန်းခေါင်ယံအချိန်မို့ လူထိခိုက်မှု မရှိခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ကျေးရွာအတွင်းရှိ စာသင်ကျောင်းကို ထိမှန်သွားတာကြောင့် စာသင်ကျောင်း လုံးဝပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တာမွေတွင် အဘိုးအိုတဦး ကြိုးဆွဲချ သတ်သေ

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အဘိုးအိုတယောက် ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။