မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ သတင်းထုတ်ပြန် ထားပါတယ်။

ဇွန်လ ၈ ရက် မနေ့နံနက်အစောပိုင်းက အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၅၀ ခန့်အထိုင်ချထားတဲ့ မြို့သာမြို့ ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းအတွင်း ၆၀ မမ လက်နက်ကြီး ၅ လုံး၊ ၄၀ မမ ၃ လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေ ဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ်(၃)နဂါးနီပြောက်ကျား ပြည့်သူ့ကာကွယ်ရေးအဖွဲ့ နှင့်အတူ Sintgaing Revolution Force-SRF ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ မန္တလေး-မြင်းခြံလမ်းပိုင်း၊ ငါးဇွန်-မြို့သာလမ်းပိုင်းအား ည ၉ နာရီမှ နံနက် ၄ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ အသိပေးထုတ်ပြန်ထားပါတယ်။

Video – နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ

0 Shares:
You May Also Like
Read More

MBT တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲများတွင် ရှေ့ကနေ ပါဝင်တိုက်ခိုက်မည့် ကွန်မန်ဒိုစစ်ကြောင်း (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ရှေ့ကနေ ပါဝင်တိုက်ခိုက်မယ့် ကျားမဲ ကွန်မန်ဒိုစစ်ကြောင်းကို စုဖွဲ့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးအား ပြည်သူများ အန္တရာယ်ကင်းစေဖို့ စနစ်တံဖြုတ်ရှင်းလင်း (ရုပ်/သံ)

မိုးကုတ်မြို့ လူနေရပ်ကွက်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ဗုံးအား ပြည်သူများ အန္တရာယ်ကင်းစေဖို့ စနစ်တံဖြုတ်ရှင်းလင်းပေးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ထံက သိမ်းဆည်းရရှိထားတဲ့ ဘက်ဖိုးယာဉ်နဲ့ မြောင်မြို့နယ်အတွင်း လမ်းများ ပြုပြင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အတွက် အာဏာသိမ်းစစ်တပ်ထံ သိမ်းဆည်းရရှိထားတဲ့ ဘက်ဖိုးယာဉ်ကို အသုံးပြုပြီး လမ်းနဲ့ အထွေထွေပြုပြင်ရေး ပြုလုပ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) က ထုတ်ပြန်ထားပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းကျင်းပပြီးစီး (ရုပ်/သံ)

အင်းလေးဒေသကို အခြေခံဖွဲ့စည်းထားတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်ကို ခုခံကာကွယ်ရင်း တစ်ဖက်မှာလည်း တပ်တည်ဆောက်ရေး မူ (၅) ချက်ကိုင်စွဲကာ တပ်ရင်းကို စနစ်တကျပြန်လည်တည်ဆောက်ခဲ့ပြီး ''တိုက်ရင်း လေ့ကျင့်၊ လေ့ ကျင့်ရင်းတိုက်''ဆိုတဲ့ မူကိုစွဲကိုင်ကာ နောက်တန်းပြန်ရောက်လာတဲ့ တပ်ခွဲများအား မွမ်းမံသင်တန်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ် ကွက်ကို ဧပြီလ ၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။