ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဗောဓိကုန်းရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၈ ရက် ညနေ ၅ နာရီခွဲလောက်မှာ စစ်မှုထမ်းဟောင်းဖြစ်သလို အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးခေါင်းဆောင်တာဝန်ကို ယူထားတဲ့ မောင်ညိမ်း လယ်တောထဲမှာရှိနေချိန် စောင့်ဆိုင်းနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့တွေက အထိုင်ချပြီးတော့ သူ့ကိုစောင့်ကြည့်ပြီးမှ သူလယ်ကွင်းထဲဆင်းတဲ့အခါမျိုးမှာ ကျနော်တို့တွေ သွားရောက်ပြီးတော့ စီးနင်းနိုင်ခဲ့တာပါ။ သူပြန်လည်ခုခံနိုင်စွမ်းမရှိဘူး။ ကျနော်တို့ဘက်က သေနတ်နဲ့ပစ်တဲ့အခါမှာ သူထွက်ပြေးဖို့လုပ်သေးတယ်။ မလွတ်ဘူးလေ။ အဲဒီအချိန်မှာပဲ သူ့ကိုရှင်းလင်းနိုင်ခဲ့တာ” လို့ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ခေါင်းဆောင် ကိုတေဇမင်း က ပြောပါတယ်။

ပျူခေါင်းဆောင် မောင်ညိမ်းကို ကျော နဲ့ ဦးခေါင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် ကစဉ်းရိုးပေါ်မှာတင်ထားတဲ့ သူ့ရဲ့လွယ်အိတ်ကို ဖွင့်ကြည့်ရာ လက်ပစ်ဗုံး ၂ လုံး တွေ့ရှိတဲ့အတွက် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

မောင်ညိမ်းဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပေါင်းပြီး သူနဲ့ အဆင်မပြေတဲ့ ပြည်သူတွေကို ဖမ်းဆီးကာ စစ်မှုထမ်းဖို့အတွက် ပို့ဆောင်တာမျိုးတွေလုပ်သလို ဖမ်းဆီးထားတဲ့သူတွေထဲက ငွေကြေးအဆင်ပြေသူတွေကို ကျပ်သိန်း ၁၅၀ ကနေ သိန်း ၂၀၀ အထိတောင်းပြီး သွားရောက်ထုတ်ပေးတာမျိုးလည်းလုပ်ဆောင်တယ်လို့ ဆိုပါတယ်။

“သူ့ရဲ့ လုပ်ဆောင်ချက်က ဘယ်လောက်ထိရှိလဲဆိုရင် အရင်ကဆိုရင် အဖမ်းဆီးခံရတဲ့ ပြည်သူတွေအများကြီးရှိတယ်ပေါ့နော်။ ဖမ်းဆီးခံရတဲ့သူတွေထဲက သူမကျေနပ်တဲ့သူတွေဆို စစ်မှုထမ်းကို ထည့်ပေးလိုက်တာမျိုးတွေ၊ စစ်မှုထမ်းဆွဲ ခိုင်းတာမျိုးတွေ၊ နောက်တစ်ခု စစ်တပ်ကနေပြီးတော့ ရွာသားတွေကို ဖမ်းပေးတာမျိုးတွေရှိတယ်။ ရှိတဲ့အခါမျိုးတွေမှာ စစ်မှုထမ်းတွေ ဖမ်းလာတာမျိုးဆိုရင် သူက ပိုက်ဆံတတ်နိုင်တဲ့သူတွေဆိုလို့ရှိရင် သိန်း ၁၅၀ ၊ ၂၀၀ တတ်နိုင်တဲ့သူမျိုးဆိုရင် သူထုတ်ပေးတယ်ပေါ့။ သူအဲဒီထဲမှာလည်း ယူတယ်၊ ပြီးရင်လည်း သူ့အတွက် percentage က ၃၀ ၊ ၄၀ သူ့အတွက် သီးခြားတောင်းပြီးတော့ လိုက်ထုတ်ပေးတာမျိုးတွေလည်း ရှိတယ်” လို့ ကိုတေဇမင်းက ဆက်ပြောပါတယ်။

ပျူခေါင်းဆောင်း မောင်ညိမ်းကို ရှင်းလင်းပြီးတဲ့နောက် ကျေးရွာမှာ သူနဲ့ အဆင်မပြေတဲ့သူတွေကို စစ်အုပ်စုက လိုက်လံဖမ်းဆီးတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

မောင်ညိမ်းသေဆုံးရခြင်းဟာ ဒေသခံတွေနဲ့ မပတ်သက်သလို ဒေသခံတွေလည်း အဆိုပါ လုပ်ဆောင်ချက်ကို မသိရှိဘူးလို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ခေါင်းဆောင် ကိုတေဇမင်းက ပြောပါတယ်။

“အခုဆိုရင် သူ့ကိုရှင်းလင်းပြီးတဲ့နောက်ပိုင်း ဗောဓိကုန်းရွာမှာ ဘယ်လိုဖြစ်လာလဲဆိုရင် အရင်ကသူတို့တွေနဲ့ မတည့်တဲ့သူကို ဖမ်းဆီးတယ်လို့ ကျနော်တို့တွေ သတင်းကြားလိုက်ကြတယ်။ အမှန်တော့ သူတို့တွေနဲ့ ဘာမှမပတ်သက်ဘူးလေ။ သူတို့လည်း သိရတာမဟုတ်ဘူး။ ကျနော်တို့တွေက ၂၀၂၂ ပိုင်းလောက်ကတည်းက သူ့ရဲ့ သတင်းအချက်အလက်တွေက အကုန်ရှိပြီးသား။ မျက်ခြေမပြတ်သာ စောင့်ကြည့်နေတာ မရှင်းလင်းနိုင်ခဲ့သေးလို့။ အခုချိန်မှာ ရှင်းလင်းနိုင်လို့ ရှင်းလိုက်ရတာဖြစ်တယ်” လို့ ဆိုပါတယ်။

ပျုခေါင်းဆောင် မောင်ညိမ်းဟာ ကုန်းရွာကွင်းချောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးသူတစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ပျူခေါင်းဆောင် မောင်ညိမ်း (ဓာတ်ပုံ BTZM GBK PDF)

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေ၊ ၂၂ ယောက်နဲ့အထက် ဒဏ်ရာရ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေပြီး ၂၂ ယောက်နဲ့အထက် ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ ရေကြီးမှုနဲ့ စပါးပိုးကျရောက်မှု​တို့ကြောင့် ပြည်သူလူထု အခက်အခဲကြုံနေရ

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းလာရာ စက်တင်ဘာလ (၆) ရက်ကနေ (၁၀) ရက်နေ့အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်သူတွေ ရေဘေး၊ မြေပြိုမှုဘေးနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ်ကို ပြန်ရလိုက်တဲ့ အကြမ်းဖက်စစ်တပ် ဘယ်ဒေသတွေကို ပိုမိုထိုးစစ်ဆင်လာနိုင်မလဲ

တရုတ်ရဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး ပြန်လည်ဆုတ်ခွာရချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ချင်းဘက်တွေကို စစ်ရေးအရ ပိုမို ဖိအားပေးတိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။