တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စီးနင်းတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁ ရက် နေ့လယ်ပိုင်းက ထားဝယ်မြို့နယ် ရွှေဂူတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စီးနင်းမှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကာ စခန်းသိမ်းခါနီးမှာ စစ်ကောင်စီတပ်သားတွေ တပ်ကူရောက်လာတဲ့အတွက် တော်လှန်ရေး ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရက စစ်ကြောင်း ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ Dawei Guerrilla Revolutionary Foce (DGRF) Tavoy People Liberation Force (TPLF) က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်စ-စ်ကြောင်း တပ်ခွဲ (၁) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဒူရက စစ်ကြောင်း

0 Shares:
You May Also Like
Read More

စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာနမခဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက်စစ်တပ် တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို အောက်တိုဘာ ၁၀ ရက်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်သံပြာကာ ယာဉ် ၄ စီးကို တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သားသစ်များကို သင်တန်ပေးနေသည့်စခန်းအား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သား ၅ ယောက် သေ၊ ၄ ယောက် အရှင်မိခဲ့တဲ့ ထားဝယ် ရွှေဂူဂိတ်စခန်းနှင့် စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီး‌ကျေးရွာက စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

ရဲနှင့် စစ်သားများကို ငလျင်ကယ်ဆယ်မှုအတွင်း မတွေ့ရသည့်အပေါ် ပြည်သူများ မေးခွန်းထုတ် (ရုပ်/သံ)

ငလျင်ဒဏ်သင့် နေရာတွေကို ကူညီကယ်ဆယ်ရေးတွေ မလုပ်ဆောင်ဘဲ ဘုရားစောင်းတန်းနဲ့ မန္တလေးမြို့ရိုးမှာ ပြိုကျနေတဲ့ အုတ်နီခဲတွေကို သယ်ယူနေတဲ့ ရဲနဲ့ စစ်သားတွေကို ပြည်သူတွေက ဝေဖန်နေပါတယ်။
Read More

ပေါက်မြို့နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံးကာ ၁ ဦး လက်နက်နှင့်အတူ အလင်းဝင် (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့စစ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် အထကကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ပြီး မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း အလံလွှင့်တင် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အထက ၁ ကျောင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။