စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တယ်လို့ PLA က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဇွန်လ ၆ ရက်နဲ့ ၇ ရက်မှာ ၂ ရက်တာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်အတွက် ဆေးကုသမှုပေးမှုနဲ့ ဆေးဝါးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်ကာလဟာ ရာသီအကူးအပြောင်းကာလ ဖြစ်တာကြောင့် နေ့ရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး အထောက်အပံ့တွေ ကူညီဖြည့်ဆည်းပေးခဲ့တယ်လို့ PLA က ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အညာမြေ စစ်ဘေးရှောင်ကူညီရေးအဖွဲ့နဲ့ ANTS – ပုရွက်ဆိတ်များအဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကစလို့ ဒီနေ့အချိန်ထိ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၉၀၀ နီးပါးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုအပ်သော စောင်၊ ခြင်ထောင်များ ထောက်ပံ့ပေးခြင်းနဲ့ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ယာယီအပစ်ရပ်သည့်ကာလအတိုင်း ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းမည်ဟု KIO ကြေညာ၊ စစ်တပ်အနေနဲ့ ကိုယ်ကြေညာထားသည့်အတိုင်း လိုက်နာဖို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သတိပေး

အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ယာယီအပစ်ရပ်ကာလ သတ်မှတ်ကြေညာချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ - KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မွန်ဒေသမှာ တပြည်နယ်လုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး မွန်ပြည်နယ်မှာ တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

ဟင်္သာတထောင်မှာ ထောင်ဝန်ထမ်းက အရက်မူးပြီး နိုင်ကျဉ်းတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁ယောက်ကို အကျဥ်းထောင်ဝန်ထမ်းက အရက်သေစာသောက်စားပြီး အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။