မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပြင်ဦးလွင်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက် ဒီနေ့ မနက်အစောပိုင်းက စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကလာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးတစ်လုံး ကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၁) လုံးပျက်စီးပြီး စျေးဝယ်လာတဲ့ အရပ်သားပြည်သူ အမျိုးသမီး (၄) ယောက်ကို ထိမှန်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

“အရင်ကတည်းကရှိတဲ့ ဆေးရုံထင်တယ်၊ NUG ကဆောက်ပေးတဲ့ ဆေးရုံတော့ မဟုတ်လောက်ဘူးဗျ။ လေကြောင်းက ဘာလို့တိုက်ခိုက်လဲဆိုတော့ သူတို့က စဉ့်ကူး၊ သပိတ်ကျင်းက ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာလေ။ ဘုန်းကြီးကျောင်းတွေ၊ စစ်ရှောင်စခန်းတွေတိုက်ခိုက်တယ်။ အဓိကက ပြည်သူတွေကို သေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒဏ်ရာရတဲ့လူတွေအနေအထားကတော့ တစ်ယောက်တော့လက်ပြတ်တယ်၊ တစ်ယောက်ကတော့ ပေါင်မှန်တယ်။ သေဆုံးနိုင်တဲ့ အနေအထားတော့ မရှိဘူး။” လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

ထိမှန်ခဲ့သူတွေထဲက အမျိုးသမီး (၁) ယောက် သေဆုံးပြီး အမျိုးသမီး(၁) ယောက် ဒဏ်ရာပြင်းထန်တာကြောင့် လက်ကို ဖြတ်တောက်ခဲ့ရသလို ကျန်အမျိုးသမီး (၂) ယောက်က ပေါင်ထိမှန်ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်းတွေ တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ဒဏ်ရာရ၊ နေအိမ် (၈) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

ငါန်းဇွန်မှာ စစ်အုပ်စုရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးပစ်ခံရပြီး ၄ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ ​​မြင်းခြံခရိုင်၊ ​ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးစစ်သား ၄ ယောက်​ သေဆုံးခဲ့ကြောင်းသိရပါတယ်။
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဆဲဗင်းဂျူလိုင် (၆၃)နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ကျောင်းသားပေါင်း ရာနဲ့ချီ အသက်ပေးခဲ့ရတဲ့ 7 July (ဆဲဗင်းဂျူလိုင်) (၆၃)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြောင်းမြကျောင်းသား ကိုကျော်ဝင်းရဲ့ သွေးနဲ့ ရေးသားခဲ့တဲ့ "၇.၇.၆၂ကို မမေ့ကြနဲ့" ကြွေးကြော်စာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဓာတ်ပုံကမ်ပိန်းအဖြစ် ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံ၏ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်ဖြင့် ဖိနှိပ်အုပ်ချုပ်နိုင်တော့သည်ဟု NUG ဆို

မြန်မာနိုင်ငံရဲ့ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နိုင်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တော်လှန်ခုခံစစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

နတ်အိမ်တောင်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ၄ ဦး သေပြီး လက်နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ( ၃၃ ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။