မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ပခုက္ကူမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေက ​ကမ္မမြို့နဲ့ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေပြီး လေကြောင်းပစ်အကူအညီတွေနဲ့အတူ ရှေ့ဆက်တက်ဖို့ကြိုးစားနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

လက်ရှိမှာ ကမ္မမြို့နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီ အင်အား ရာနဲ့ချီရှိတဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းတွေ ရောက်ရှိနေပြီး အခြေအနေအကြောင်းကြောင်းတွေကြောင့် စစ်ကြောင်းနှစ်ခုပေါင်းဆုံနိုင်တာမျိုးမရှိသေးဘဲ ရပ်တန့်နေကာ ရှေ့ဆက်တက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့မှာ စစ်ကောင်စီက ပခုက္ကူတပ်မ ၁၀၁ တက် စက်တပ်လေထီး(ပါရာမော်တာ) တွေ အသုံးပြုပြီး ကမ္မမြို့အနောက်ဘက်မှာရှိတဲ့ ကမ္မ-ပေါက် ကားလမ်းဘေးဝဲယာတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၇ရက်နေ့မှာတော့ ရိက္ခာပို့စစ်ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာကတဆင့် ကမ္မမြို့ပေါ်ကိုရောက်ရှိခဲ့ပြီး ကမ္မ-ပေါက်လမ်းပိုင်းအတိုင်း အနောက်ဖက်ကို စတင်ရွေ့လျားနေကြောင်း၊ ရှေ့တိုးနိုင်ဖို့အတွက် အဲ့ဒီနေ့ညနေပိုင်းမှာ Y-12 ထောက်ပို့လေယာဥ်တွေနဲ့ ၃လုံးတွဲ ဗုံးသီး ၃ဝ ကျော်အထိ ကြဲချတိုက်ခိုက်ခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်း စစ်ကောင်စီ လေကြောင်းပစ်ကူသုံးနေပုံ (ဓာတ်ပုံ အညာမြေတပ်ပေါင်းစု)

“စစ်ကြောင်းက ၂ခုပါ။ မေလ ၂၆ရက်နေ့က စထွက်တဲ့ ရှေ့ပြေးစစ်ကြောင်းက ပေါက်၊ ရေပြာကိုရောက်ပြီး စောင့်နေတယ်။ နောက် မေလ၂၉ရက်နေ့ ထွက်လာတဲ့ အင်အား ၄၀၀ပါ ခြေလျင်တပ်နဲ့ ရိက္ခာကား ၁၀၀ က ကမ္မကို ရောက်နေတာပါ။ အခုထိရှေ့မတက်နိုင်သေးဘူး။ သူတို့က ပေါက်လမ်းပိုင်းအတိုင်းဖြတ်မှာပေါ့။ သူတို့အတွက် ဖြတ်ဖို့ခဲယဥ်းတော့ လေကြောင်းပစ်ကူတွေ ခေါ်နေတာပါ” လို့ အညာမြေအရပ်ဖက် လူမှု့အဖွဲ့စည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိမရှိ မောင်းအနေနဲ့ သီးခြားအတည်မပြု​နိုင်သေးပေမယ့် နေအိမ် ၂လုံး ထိခိုက်ပျက်စီးပြီး ဆိတ်နဲ့ နွားလို မွေးမြူရေးတိရိစ္တာန်တွေတော့ သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

“စစ်​ကြောင်းတွေက ပေါက် ကပစကို တက်မှာ၊ ဒါပေမယ့် လမ်းမှာ ကြားဖြတ်ခံရတာတွေရှိ​နေတော့ ရှေ့ဆက်တက်နိုင်ဖို့ လုပ်နေတယ်။ မနေ့က (ဇွန် ၇) ပဲ လေကြောင်းပစ်ကူ ၁၂ကြိမ်ထက်မနည်း လုပ်ပြီးလမ်းရှင်းပါတယ်” လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အထက်ပါစစ်ကြောင်းတွေအတွက် ဇွန်လ ၆ရက်နေ့ကစလို့ လေကြောင်းပစ်ကူတွေပေးကာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ​ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်း ကျေးရွာတွေက အရပ်သားသောင်းနဲ့ချီဟာ မြေပြင်စစ်ကြောင်းအန္တရာယ်အပြင် လေ​ကြောင်းအန္တရာယ်ပါ ရင်ဆိုင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေသခံများ စစ်ရှောင်နေစဥ် (ဓာတ်ပုံ အညာမြေတပ်ပေါင်းစု)
ဒေသခံများ စစ်ရှောင်နေစဥ် (ဓာတ်ပုံ အညာမြေတပ်ပေါင်းစု)
0 Shares:
You May Also Like
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄)  နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားတွေကို CDF - Daai ရဲ့ ဗဟိုဌာနချုပ်နဲ့ တပ်ရင်းအခြေစိုက်ရာ တပ်စခန်းအသီးသီးမှာ စက်တင်ဘာလ ၂၁ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးဒေသမှာ စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်အများစု ချင်းနှင့်ရခိုင် စစ်မျက်နှာတွေဆီ ပို့ဆောင်ခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်မှုထမ်းအပတ်စဥ် ၄ ခုအတွက် လူငယ်ပေါင်း ၁၈၀ ကျော် ဖမ်းဆီးခံရပြီး ချင်းနဲ့ရခိုင် စစ်မျက်နှာတွေဆီအတင်းအကျပ် ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

နှစ်သစ်လက်ဆောင်အဖြစ် မီးဘေးသင့် အိမ်ထောင်စု (၇၀) ကျော်ကို စောင်များလှူဒါန်း (ဓာတ်ပုံသတင်း)

ရေဦးမြို့က မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု (၇၀) ကျော်ကို နှစ်သစ်လက်ဆောင်အဖြစ် ပြည်ပရောက် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ တခြားအလှူရှင်တွေကိုယ်စား ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။
Read More

၅၉၈ တပ်ရင်းအနီး ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ဦးသေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization - ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။