ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က စစ်အုပ်စုလက်အောက်ခံ တရားရုံးကို (ဇွန်လ ၇ရက်) မနေ့ညပိုင်းမှာ အဝေးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက 79 အဝေးပစ်လောင်ချာ အသုံးပြုကာ တရားရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ရှိရာကို
၄၀မမ ဗုံးသီး၂လုံး ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ဂိတ်ထဲမှာ အစောင့် ၆ကောင် ၇ကောင် လောက်ရှိမယ်။ ၂လုံးလုံးသေချာပစ်ခဲ့တာ ကွက်တိကျတယ်။”လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို Yangon Army (YA) အဖွဲ့နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာခဏဆိုသလို ရန်ကုန်မြို့အတွင်းက စစ်အုပ်စုယန္တရားရှိရာ နေရာတွေကို တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးမာရှယ်လောအမိန့်ရှိရာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးအာဏာပိုင်တွေက အာဏာပြကာ ဘေးတွဲဆိုင်ကယ်တွေဖမ်းဆီးတာ၊ ညဘက်အလှည့်ကျ ကင်းစောင့်ခိုင်းတာတွေအပြင် မကြာခဏဆိုသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံး
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံး
0 Shares:
You May Also Like
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပုဂံမြို့သစ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်းကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ (ခ) နိုင်နိုင်ထွန်းဆိုသူဟာ သန်းခေါင်စာရင်းကောက်နေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်များ ရုံခါတဲ့ ည

ကရင်နယ်ခြားစောင့်တပ် BGF က အကြမ်းဖက်ဖက်စစ်တပ်နဲ့ ပေါင်းပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့နယ်က ကျားဖြန့်တွေကို အပြီးသတ် နှိမ်နင်းတော့မယ်လို့ ကြိုတင်အသိပေး သတင်းလွှင့်ပြီးတဲ့နောက် ရွှေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်း ကျားဖြန့်သမားတွေ မနေ့က ညတွင်းချင်း အလုံးအရင်းနဲ့ ထွက်ခွာခဲ့ကြပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာနေထိုင် အမျိုးသားတစ်ယောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာ ပေါက်ကွဲပြီ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။