ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်းအနေနဲ့ တပ်ရင်းရှိ ရဲဘော်တွေ၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာ လေးနှစ်အထိရှိလာချိန်မှာ KNDF တပ်ရင်း ၈ က တပ်ဗိုလ်တပ်မှူးတွေနဲ့ နိုင်ငံရေးမှူးတွေက ရဲဘော်တွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံပွဲကို ဇွန်လ ၈ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တာပါ။

တွေ့ဆုံပွဲမှာ တော်လှန်​ရေးကာလ လေးနှစ်အတွင်း အားနည်းချက်အားသာချက်တွေကို သုံးသပ်ပြီး ဒီထက်ပိုအားကောင်းတဲ့ တော်လှန်ရေးဖြစ်ဖိို့အတွက်​ ဘယ်လိုပြင်ဆင်လုပ်ဆောင်မလဲဆိုတာတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“ရဲဘော်တွေကတော့ စစ်အာဏာရှင်ချုပ်ငြိမ်း သွားသည်အထိကို တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ အမျိုးသားရေးလုပ်တာမဟုတ်ဘဲ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်တာ ဖြစ်ပါတယ်၊ တော်လှန်ရေးအင်အားစု တိုက်ပွဲဝင်နေတဲ့ချိန်မှာ ပွဲလှန့်တုန်း ဖျာခင်းပြီးတော့ နိုင်ငံရေး လက်ဦးမှုရယူလိုတဲ့ သူတွေလည်း မြင်နေရပါတယ်၊ တချို့သောကိစ္စရပ်တွေမှာ အရင်လုပ်ရမယ့် စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် မြန်မြန်အိမ်ပြန်ရဖို့ပဲ ကျွန်တော်တို့ ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ နိုင်ငံရေးမှူး ဆရာကျော်ထင်အောင်က အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်တော်လှန်ရေး အမြန်ဆုံး ပြီးဆုံးဖို့အတွက် ဆက်လက်ကူညီပေးကြဖို့ KNDF တပ်ရင်း ၈ က မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါ ခလရ ၅၀ ကနေ ပင်လယ်ဘူး ပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို ဆိုသူ တိုက်ပွဲမှာ ဆီးခုံကျည်မှန်ပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပင်လည်ဘူး တိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခိုင် တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
Read More

မုံရွာ နမခကို ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှု အရာရှိများအပါ စစ်အုပ်စုဘက်မှ ၁၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် ၁၂ယောက်သေဆုံးပြီး ရိက္ခာဂိုဒေါင်တွေ ပျက်စီးခဲ့တယ်လို့ Chindwin Rocket Brother - C.R.B တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တရားမဝင် ရွေးကောက်ပွဲအတုအား တခဲနက် ဆန့်ကျင်ကြရန် မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး MDY-PDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။