ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၇ ရက် မနေ့ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သံတွဲမြို့နယ်အတွင်း နေရာ ၃ နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ စာသင်ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ကြီးကျေးရွာရှိ ဒေသခံပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၆ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ပုဇွန်ဖြေကျေးရွာ စာသင်ကျောင်းကိုလည်း မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနန့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ကျောက်ကြီးရွာစာသင်ကျောင်းနဲ့ ပုဇွန်ဖြေရွာ စာသင်ကျောင်းအပါအဝင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရက္ခိုင့်တပ်တော် AA အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးရတဲ့ ပြည်သူအများအပြား ရှိနေတယ်လို့ Arkan Princess Media က သတင်းဖော်ပြထားပါတယ်။

(ဓာတ်ပုံ Arakan Princess Media)

0 Shares:
You May Also Like
Read More

မြင်းခြံမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ရဲတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦးသေကာ ၂ ဦး သေဆုံးနိုင်ခြေရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်သား (၁)ယောက် သေဆုံးပြီး (၂) ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) ထံက သိရပါတယ်။ 
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငလျင်ဘေး ကြုံတွေ့နေရစဉ် လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ NUCC တောင်းဆို

နိုင်ငံတစ်ဝန်း ငလျင်ဘေးနဲ့ ကြုံတွေ့နေရစဉ် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာကနေ လက်တွေ့ အရေးယူဆောင်ရွက်ပေးဖို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပအဖ သွားရောက်ကူညီထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေ ထားရှိရာနေရာတွေဆီ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရ…

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရပြီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စစ်တပ်လုပ်သည့် ရွေးကောက်ပွဲအတု၊ တောင်တွင်းကြီးမဲဆန္ဒနယ်တွင် စစ်တပ်ပါတီ ကြံ့ခိုင်ရေးက စစ်တပ်လက်ကိုင်တုတ်ပါတီ တစညကို ရှုံးနိမ့်

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုအပိုင်း(၁)၊ တောင်တွင်းကြီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်တဲ့ စစ်တပ်ပါတီ ကြံ့ခိုင်ရေးရဲ့ ကိုယ်စားလှယ် ယခင်ပြန်ကြားရေးဒုဝန်ကြီးဟောင်း ဦးပိုက်ထွေးဟာ စစ်တပ်လက်ကိုင်တုတ်ပါတီတစ်ခုဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ရဲ့ ကိုယ်စားလှယ်ကို ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။