ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇွန်လ ၈ ရက်နေ့က မတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် အသက် ၃၉ နှစ်အရွယ် မြန်မာလုပ်သားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 

ဘန်ကောက်၊ Chom Thong ခရိုင်၊ Bang Mod ခရိုင်ခွဲ၊ ရာမ (၂) လမ်းအပြင်ဘက်မှာ ထိုင်းအမြန်လမ်းအာဏာပိုင်အဖွဲ့ (EXAT) က ကြီးကြပ်ဆောက်လုပ်နေတဲ့  မိုးပျံကားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်နေရာမှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ 

တနင်္ဂနွေနေ့ မနက်ပိုင်းက အဆိုပါနေရာမှာ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာက အောက်မှာ ရေမြောင်းပိုက်ခင်းနေတဲ့ ကိုမော်ဆိုသူ အဆိုပါအမျိုးသားအပေါ်ကို ကွန်ကရစ်ပြားကြီး ပိသွားခဲ့တာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာမ ၂ လမ်းမှာ တနင်္လာနေ့ မနက်ပိုင်းက ချော်လဲတဲ့ မြေသားနဲ့ ကွန်ကရစ် ချပ်ပြားအောက်မှာ မြန်မာ အလုပ်သမားတဦး နစ်မြုပ်ခဲ့ပါတယ်။ (ဓာတ်ပုံ Facebook ของดีประเทศไทย)

ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က သတင်းရရှိပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာတော့ ကိုမော်ကို သုံးမီတာအနက်ရှိတဲ့မြောင်းရဲ့ အောက်ခြေက ရွှံ့ရေတွေအတွင်း တပိုင်းနစ်မြုပ်ပြီး မေ့မြောလျက်သား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သူဟာ မှောက်လျက်အနေအထားနဲ့ အပေါ်ကနေ ကွန်ကရစ်ပြားကြီး ပိခံထားရကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ကယ်ဆယ်ရေးသမားတွေက ရေတွေစုပ်ထုတ်ပြီး သူ့ကို ပြန်ဆယ်နိုင်ခဲ့ပေမယ့် သွေးခုန်နှုန်း အားနည်းနေခဲ့တာကြောင့် ဆေးရုံရောက်ပြီး မကြာမီမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူတို့တွေ မိုးပျံလမ်းအောက်က ရေနှုတ်မြောင်း တပ်ဆင်နေစဉ်မှာပဲ ရုတ်တရက် မြေပြိုကျခဲ့တာဖြစ်ကြောင်း၊ ကိုမော်က မြောင်းအောက်ခြေမှာ အလုပ်လုပ်နေတာကြောင့် မြေကြီးနဲ့ ကွန်ကရစ်တွေ ပိမိသွားခဲ့ကြောင်း ပြောဆိုကြပါတယ်။

လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ မြေပြိုကျရတဲ့ အကြောင်းအရင်းကို သတ်မှတ်နိုင်ဖို့ လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးအပါအဝင် မျက်မြင်သက်သေတွေကို မေးမြန်းပြီး သက်သေစုဆောင်းနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

မူရင်းသတင်း – Myanmar worker killed in construction accident on Bangkok’s Rama II road 

0 Shares:
You May Also Like
Read More

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြန်မာငါးဖမ်းစက်လှေ ၂ စီးနှင့် လှေသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ညီညွတ်ပေါင်းစည်းရေးကို ဦးစားပေးနေပေမယ့် ရှမ်းပြည်မှာ RCSS နဲ့ SSPP တို့ ထိတွေ့တင်းမာမှုတွေရှိနေ

ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တာလယ်ဗျူဟာ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။