မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဗျူဟာမှူး လှမျိုးထွဋ် ဦးဆောင်တဲ့ အထက်ပါ ပူးပေါင်းစစ်ကြောင်းဟာ မြစ်သာမြစ်အနောက်ဖက်ခြမ်းက မန်ကျည်းခင်ရွာကို ဇွန်လ ၈ ရက် ဒီနေ့ မနက် ၂ နာရီအချိန်လောက်မှာ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အရပ်သားတွေကို ဖမ်းဆီးထားတဲ့ အထက်ပါစစ်ကြောင်းဟာ လက်ရှိအချိန်အထိ ဂန့်ဂေါမြို့ခလရ ၅၀ တပ်ဆီ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း၊ ဂန့်ဂေါတစ်နယ်လုံး ဖုန်းလိုင်းတွေပြတ်တောက်နေကြောင်း ကိုမင်းဒဿက ပြောပါတယ်။

“စစ်ကြောင်းကို ခလရ ၅၀ က ဗျူဟာမှူး လှမျိုးထွဋ်ဦးစီးတာ။ အဲ့လူက ရခိုင် နမခ ၅ ကနေ မကွေး၊ မကွေးကနေမှ ဂန့်ဂေါရောက်လာတာ။ ဖုန်းလိုင်းတွေပြတ်​နေတော့ အခုထိစစ်​ကြောင်း ရောက်တဲ့နေရာကိုအတည်မပြုနိုင်သေးဘူး။ ဒါကြောင့် ဖမ်းခံထားရတဲ့သူတွေပြန်လွတ်မလွတ်မသိရသေးပါဘူး။ စစ်ကြောင်းနဲ့ပဲအတူရှိနေဦးမယ်ထင်တယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်ထောက်ခံတဲ့ မီဒီယာတချို့မှာ တော်လှန်ရေးကျေးရွာတစ်ရွာကို ဝင်ရောက်စီးနင်းရင်း လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိကြောင်း ဖော်ပြရေးသားတာမျိုးတွေ ရှိနေပါတယ်။

ဒီဖြစ်စဥ်အပေါ် စစ်ကြောင်းကိုဦးစီးတဲ့ ဗျူဟာမှူး လှမျိုးထွဋ်ကတော့ ကျေးရွာပကဖ တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်ဖို့ဖြစ်ကြောင်းနဲ့ တပ်ဖွဲ့ဝင်တွေ မဖမ်းမိတာကြောင့် အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ နောက်ထပ်လည်း ထပ်မံလုပ်ဆောင်သွားမှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးတင်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မှာ ချေမှုန်းခံရတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကြောင်းကနေ ၄၇ ယောက်သေ၊ ၆ ယောက် ဖမ်းမိ၊  ၁၇ ယောက် ပျောက်ဆုံးနေကြောင်း အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၇၀ ပါ စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ရာ ၄၇ ယောက် သေပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များ၏ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှုမှတ်တမ်းများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ( ၂၅ ) ကွပ်ကဲမှူအောက်ရှိ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ မြေပြင်လှုပ်ရှားမှုပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

မြိတ်-ထားဝယ်ခရိုင်မှာ ပြုလုပ်တဲ့ KNU ရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်−ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။