ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၇ ရက် မနေ့ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သံတွဲမြို့နယ်အတွင်း နေရာ ၃ နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ စာသင်ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ကြီးကျေးရွာရှိ ဒေသခံပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၆ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ပုဇွန်ဖြေကျေးရွာ စာသင်ကျောင်းကိုလည်း မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနန့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ကျောက်ကြီးရွာစာသင်ကျောင်းနဲ့ ပုဇွန်ဖြေရွာ စာသင်ကျောင်းအပါအဝင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရက္ခိုင့်တပ်တော် AA အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးရတဲ့ ပြည်သူအများအပြား ရှိနေတယ်လို့ Arkan Princess Media က သတင်းဖော်ပြထားပါတယ်။

(ဓာတ်ပုံ Arakan Princess Media)

0 Shares:
You May Also Like
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ စစ်ကားတွေ ဘရိတ်ပေါက်ပြီး ခရီးသွားကားနှင့် လယ်ထွန်စက်ကို ဝင်တိုက်မိ၊ စစ်သား ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဘရိတ်ပေါက်လာတဲ့ စစ်ကောင်စီကားတွေက အရပ်သားကားတွေကို ဝင်တိုက်မိပြီး စစ်သား၄ယောက်နဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း The Voice Of Wetlet Madayar အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရခိုင်တစ်ပြည်လုံးနီးပါး သိမ်းပိုက်ရန် လက်တစ်ကမ်းအလို ရောက်နေပြီဟု အပစ်မရပ်သေးသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် AA ထုတ်ပြန်၊ ရခိုင်ပြည်သူများ ယခင်ထက် နေ့ညမရွေး စစ်ရေးသတိရှိရန် အလေးအနက် တိုက်တွန်း

အကြမ်းဖက်စစ်တပ်အနေနဲ့ ရခိုင်ဒေသ တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
Read More

ရွာငံတွင် ထွေအုပ်ဝန်ထမ်းများ ဖမ်းခံရမှုကြောင့် အရှေ့မြင်အနောက်မြင် တောင်တန်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့အတူ စစ်ကောင်စီက မြဧတီကျေးရွာကို အကြမ်းဖက်စီးနင်း ရှာဖွေခဲ့တယ်လို့ ရွာငံဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။