ရန်ကုန်မြို့ရှိ နာမည်ကျော် မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူတာကြောင့် စစ်တပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေရေးသားနေပါတယ်။

ဇွန်လ ၄ ရက် ညပိုင်းမှာ ပြည်ပကနေ ရန်ကုန်မြိုကို ပြန်လည်ရောက်ရှိချိန် ဂျွန်လွင်ကို စစ်တပ်က ခေါ်ယူ စစ်ဆေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီတွေရဲ့ ဖြန့်ဝေမှုအရ ဂျွန်လွင်ကို စစ်ကောင်စီတပ် ဖမ်းဆီးတာဟာ အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ဖြစ်နိုင်သလို စစ်တပ်ဘက်တော်သား ခိုင်နှင်းဝေကို ဂျွန်လွင်က လူမှုကွန်ရက်ပေါ်ကနေ ဝေဖန်ခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဂျွန်လွင်အနေနဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကို အလှူငွေ ၂၉ သိန်း မှားလွဲတာကို ပြန်လွှဲပေးဖို့နဲ့ ခိုင်နှင်းဝေကို ဝေဖန်တဲ့ ပို့စ်တွေကို မျှဝေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

“လူ ပီသရင် ပြီးပြီ။ တချိန်က အရမ်းလေးစားတယ် ငါတို့ မလုပ်နိင်မသွားနိင်တဲ့နေရာတွေ သူအပင်ပန်းခံပြီး လုပ်နိင်တယ် ဆိုပြီး တအား လေးစားခဲ့ပါတယ်။ အခုတော့ ၂၉ သိန်းကျော် တော် ။ ဒီလောက်အသေး စိတ် ရှင်းပြ ဒါတောင်မျက် နှာပြောင်တိုက်ပြီး ဝန်ထမ်းကတမျိုး အမျိုးမျိုးတွေဆိုတော့ တခုတော့သိထားစေချင်ပါတယ်။ နတ်ပြည်ကြွချင်တဲ့သူက သူဖာသူ လွတ်လမ်းရှာပါလိမ့်မယ် ။ ဇိကုပ်ပြီး နတ်ပြည် တက်ခိုင်းရလောက်အောင်ထိ သီလတွေမိုးမချုပ်စေချင်ဘူး။ တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကို တရားဝင် ဖွဲစည်းထားတဲ့အဖွဲ့အစည်းက ဝင်စစ်ဆေးလို့ရတယ်ဆိုတာ သိထားစေချင်တယ်၊ လူတွေက ဖြဲဖြဲပြတိုင်းကြောက် ရအောင်မင်းမဲ့တိုင်းပြည်လည်းမဟုတ်” ဆိုပြီး ဂျွန်လွင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မေလ ၂၆ ရက်က ရေးသားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော် (၄) နှစ်ပြည့်နှင့် စစ်သင်တန်းဆင်း အခမ်းအနား

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားနဲ့ အပတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်က ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် 96 Soldiers PDF – တောင်ပိုင်းတိုင်း ရဲဘော်တွေ ဓာတ်ပုံကမ်ပိန်း ပြုလုပ်

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF - တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမြို့နယ်မှာ မြို့နယ်ပကဖ က ကာကွယ်ရေးဝန်ကြီးဌာနထုတ် စစ်သတင်းလွှာများကို ဖြန့်ဝေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဥ် ထုတ်ဝေတဲ့ စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

KNDF အမှတ်(၅) တပ်ရင်း တာဝန်ယူထားသည့် ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ဦး သေနတ် ၁ လက်နှင့် အလင်းဝင်လာ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊အမှတ် (၆) ဗျူဟာ နယ်မြေအတွင်းရှိ တပ်ရင်းအမှတ် (၅) တာဝန်ယူထားတဲ့ ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာတယ်လို့ KMDF တပ်ရင်း (၅) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF စခန်းကို လမ်းပြဒလန် လုပ်ခဲ့သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီရဲ့ လမ်းပြ သတင်းပေးဖြစ်သူ စန်းဌေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။