ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာအုပ်စု ၊ ငြိမ်းချမ်းသာယာရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်နိုင်သလို ၊ စစ်ကောင်စီတပ်က ဒရုန်း နဲ့ ပစ်ခတ်တဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်တယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။

ဇွန်လ ၆ ရက် မနေ့က ည ၉ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုဟာ ဒရုန်းနဲ့ ပစ်ခတ်လို့ ယမ်းဂိုဒေါင်ထိမှန်ပြီး ပေါက်ကွဲသွားတာဖြစ်နိုင်သလို ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ ပစ်လို့ ပေါက်ကွဲတာဖြစ်တယ်လို့ သတင်းတွေအမျိုးမျိုး ထွက်ပေါ်နေပေမယ့်လည်း အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“ပထမတော့ ပေါက်ကွဲသံ သေးသေးလေး ကြားရတယ်။ ဒရုန်း နဲ့ ပစ်သလိုမျိုး ၊ လက်နက်ကြီးတစ်လုံးကျပြီးမှယမ်းဂိုဒေါင်ပေါက်ကွဲတဲ့ ပုံစံမျိုး၊ ဘယ်သူမှတော့ အတည်ပြုလို့မရဘူး ၊ ပေါက်ကွဲမှုကြောင့်အလင်းရောင်မြင်လိုက်ရတယ်ဆိုတော့ ဒရုန်း နဲ့ချတယ်လို့လည်းပြောကြတယ်။ တကယ်လို့ ဖားကန့်ဗျူဟာကုန်းကနေ ပစ်တယ်ဆိုလည်း ​ဗျူဟာကုန်းကနေ အသံကြားပြီးမှ ကျတဲ့အသံကြားမှာလေ၊ အဲသလိုလည်းမဟုတ်ဘူး”လို့ ဖားကန့်မြို့ခံတစ်ဦးက မောင်း ကိုပြောပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် နေအိမ် ၂ အိမ်က မိသားစုဝင် ၉ ယောက် သေဆုံးခဲ့သလို နေအိမ် ၁၀ လုံးလည်းထိမှန်ပျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“အဲ့ထဲမှာလည်းအဖွဲ့အစည်းထဲက အိမ်တစ်အိမ်ပါတယ်လို့တော့ပြောတာပဲအတိအကျတော့မသိရဘူး သူတစ်ယောက်ပဲလွတ်ပြီး တစ်မိသားစုလုံးပါသွားတယ် သူတောင်အပြင်ထွက်နေလို့ ၊ ယမ်းပေါက်ကွဲတဲ့ ၂ ထပ်အိမ်ကတော့အလုံးလိုက်ကိုပျောက်သွားတာ၊ ကြီးကြီးမာမားထိခိုက်ပျက်ဆီးတာက ၁၀ လုံးလောက်ရှိတယ်။ ကျနော်တို့အိမ်တောင်မှ သွပ်တွေလှန် ဘုရားစဉ်တွေပြိုသွားတာပေါ့ အိမ်မကြီးက တံခါးပေါက်မှန်တွေလည်းကွဲကုန်တယ်။ အဲလိုမျိုးအပေါ်ယံသွပ်တွေလှန်ဘာညာကအများကြီးပေါ့ ”လို့ သူက ဆက်ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ ညမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိပေမယ်လည်း အရေအတွက်ကိုတော့ အတိကျမသိရှိရသေးဘဲ ပေါက်ကွဲမှုကြောင့် မီးလောင်သွားတဲ့နေအိမ်တွေတော့ ဒီနေ့မနက် ၁ နာရီလောက်မှာ ငြိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပေါက်ကွဲမှုတွေကြောင့် ရှောင်တိမ်းရမှာခက်ခဲတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဖြစ်ပွားခဲ့တဲ့ အချိန်ခဏသာ ရှောင်တိမ်းခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ နေအိမ်တွေထဲ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၃ ရက်ကလည်း ဆောင်းချိန်ရွာအနီးရှိ ကျောက်စီးတူးဖော်ရေးကုမ္ပဏီက ယမ်းဂိုဒေါင်ပေါက်ကွဲခဲ့လို့ ၂ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိ့က်ဒဏ်ရာရရှိခဲ့ပါတယ်။

ပုံစာ – ဖားကန့်မြို့ရှိ ယမ်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးပုံ
0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ ကျဆုံး

ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ - Karenni Mobile Health Committee (KnMHC) ရဲ့ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ယောက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းသင်တန်းသားတွေကို ထောက်ပံ့ဖို့ဆိုပြီး ဧရာဝတီတိုင်းထဲမှာ ပိုက်ဆံကောက်နေ

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ လုပ်နေတဲ့အပြင် စစ်သင်တန်းသားတွေအတွက် ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ငွေကြေးကောက်ခံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။