လူထုခေါ်ငးဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ် Challenge မှာ အဆိုတော် Rဇာနည်က ဒိုက်အခါ ၈၀ ထိုးပြီး ပါဝင်ခဲ့ပါတယ်။

”ဒီနေ့မနက် တစ်ခါကပြောဖူးတဲ့ အနယ်နယ်အရပ်ရပ် ကနေ ကျောင်းလာတတ်တဲ့ ကျောင်းတွေ အများအပြားရှိတဲ့ UCDAVIS မှာ ကျောင်းသားတွေမှာတဲ့ ပစ္စည်းတွေလိုက်ပို့ဖြစ်တယ် ပညာရေးကိုအမြဲဦးစားပေတဲ့ အမေစုကိုသတိရတာရယ် အသက် ၈၀ ပြည့်မွေးနေ့မှာ ၈၀ ပါတာ တစ် ခုခု လုပ်ဖြစ်ချင်တာရယ်ကြောင့် အမေကျန်းမာစေရန်နဲ့ အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းရင်း ကိုခါရာ ကြီးလို ဒိုက်အခါ ၈၀ ထိုးဖြစ်ခဲ့တယ် ထိုးတဲ့နေရာကတော့ Davis Old town C street မှာရှိတဲ့ Park အသေးလေးရှေ့မှာပါ”လို့ Rဇာနည်က ရေးသားပြီး ၎င်းရဲ့ Facebook စာမျက် နှာကနေ မျှဝေခဲ့ပါတယ်။

ဇွန်လအတွင်း ‌ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ် သားဖြစ်သူ ကင်မ်အဲရစ်က နံပါတ် ၈၀ နဲ့ ဆက်စပ်ပြီး Challenge ခေါ်ခဲ့ရာမှာ Rဇာနည်က ပူး ပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။

Video-R ZAR NI

0 Shares:
You May Also Like
Read More

နမ့်လန်မြို့ အရပ်သားနေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ထိခိုက်ပျက်စီးကာ အဘွားအို ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ရှိ အရပ်သားနေအိမ်ပေါ်သို့ ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ပျက်စီးကာ ဒေသခံအဘွားအို ၁ ‌ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲချမှုကြောင့် နေအိမ် ၁ လုံးမီးလောင်ပျက်စီး (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အပိုင် လှေဆွဲမြောင်းကျေးရွာကို မတ်လ ၂၆ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်၏ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုကို တန်ပြန်တိုက်ခိုက်ရန် တန်ပြန်ကျည်တစ်သောင်း ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အနိုင်ကျင့်ဗိုလ်စိုးမိုးမှုကို တန်ပြန် တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ ကျည်ဝယ်ယူနိုင်ရေး ယင်းမာပင်ခရိုင်ပကဖ က တန်ပြန်ကျည်တစ်သောင်း ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ငုံ့မခံနဲ့ တုံ့ပြန်ကြ၊ ပြည်သူသာ အဓိကဟေ့ … (ဒေါက်တာတေဇာစန်း)

မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ မနေ့က ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် လူထုသပိတ်ခေါင်းဆောင်များပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ဆောင်ခဲ့ကြပါတယ်။ အမတန်လူစည်ကားတဲ့ မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေး၊ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်မှာ ဒေါက်တာတေဇာစန်းက
Read More

သာစည်ကျေးရွာရဲကင်းကို လက်နက်ကြီး ၆ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာရဲကင်းကို နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ၆၀ မမ လက်နက်ကြီး ၃လုံး၊ လက်လုပ်လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ ထွက်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဝက်တိုးရွာကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၈ ယောက် သေဆုံးခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။