ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကိုင်းယားရှည်ရွာမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3801 တပ်ခွဲ 5 ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၇ ရက် မနက် ၁၀ နာရီလောက်မှာ သဲကုန်းတာလမ်းမမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေထဲက ရာဇာကြီး (ခ) ကိုစိုးရာဇာဟာ ဂိတ်အပြင်ဘက်ကို ထွက်လာချိန် အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ၃ ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“သူ့နောက်မှာ ခွေးတွေရှိတယ်။ သူတစ်ယောက်ထဲ ထွက်လာတဲ့အချိန်မှာ ရှင်းလင်းခဲ့တာပါ ၊ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်ဗျ ၊ ချောင်းနေတာကြာပြီ ၊ အခုမှရှင်းနိုင်ခဲ့တာ၊ သူတို့ သဲကုန်းဂိတ်မှာ ထိုင်တာ ရှေ့နှစ်လောက်ကတည်းက ” လို့ 3801 တပ်ခွဲ 5 ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုမိုးသီးက မောင်းသတင်းဌာနကို ပြောပါတယ်။
ပစ်ခတ်မှုအပြီး လက်ပစ်ဗုံးတစ်လုံး ၊ ကျည် ၉ တောင့် ၊ ဆိုင်ကယ်တစ်စီး ၊ ဖုန်းတစ်လုံး ၊ ပိုက်ဆံ (၁၅၀၀၀) ၊ မှတ်ပုံတင်နဲ့ စစ်မှုထမ်းဟောင်းကတ်ပြားတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ​အဆိုပါဂိတ်မှာနေပြီး ခရီးသွားပြည်သူတွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေဆီကနေ ဖြတ်သန်းခတွေ ကောက်ခံသလို စစ်မှုထမ်းကြေးတွေကိုလည်း ကောက်ခံတာမျိုးတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုပြုလုပ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေ ကိုင်းယားရှည်ရွာထဲမှာ ရောက်နေပြီး လက်နက်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

3801 တပ်ခွဲ 5 ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဆိုပါတပ်ဖွဲ့က စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ပစ်ခတ်ရှင်းလင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဘိလိယက်ထိုးရင်း ဖမ်းဆီးခံရသည့် ခလရ ၂၅၇ မှ တပ်ရေးဗိုလ်ကြီး ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာမှာ ဘိလိယက်လာထိုးတဲ့ ခလရ (၂၅၇) တပ်က တပ်ရေးဗိုလ်ကြီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။ ဒီဇင်ဘာ ၃ရက် ညနေ ၄နာရီလောက်မှာ ခလရ (၂၅၇) တပ် ဘေးမှာရှိတဲ့ ဘိလိယက်ခုံမှာ ဘိလိယက်ထိုးနေတဲ့ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဖမ်းဆီးခေါ်ဆောင်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေဆီက လက်နက်လုပြီး ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဆိုပါတယ်။
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို  IEC ခေတ္တပိတ်ထား

ကရင်နီပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီဘက်က ဘော်လခဲကနေ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မတ်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

တောင်ပိုင်း စစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တစ်ပတ်အတွင်း ပြည်သူ ၂ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်ပါတယ်။