Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်းဝတ်စုံတွေ ဖြည့်တင်းနိုင် ဖို့ “ကျားမဲဟိန်းသံမြိုသိုညံ” သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။

MBT တပ်ဖွဲ့အနေနဲ့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ပူးပေါင်းပြီး ချင်းပြည်နယ် ဖလားမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအမည်ဖော်ပြလို့မရသေးတဲ့ အထူးစစ်ဆင်ရေး ၁ ခုမှာလည်း စစ် ကြောင်း ၂ ကြောင်းနဲ့ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မဟာိတ်ပူးပေါင်းစစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ရင်း Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ မြင်းခြံမြို့သိမ်းတိုက်ပွဲကိုလည်း ဆင်နွဲနိုင်ဖို့ ပြည်တွင်းပြည်ပရှိ တော်လှန်မိဘ ပြည်သူတွေအနေနဲ့ ကွန်မန်ဒိုကျားမဲတွေအတွက် “ကျားမဲဟိန်းသံမြိုသိုညံ” သိန်း ၇၀၀၀ ကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးကြဖို့ ဗိုလ်မိုက်ခဲက တိုက်တွန်းထားပါတယ်။

Video- Myingyan Black Tiger
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်ပြန်လာသည့် မိုးညှင်း K-PDF ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ မိုးညှင်း K-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မိုးညှင်းမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Ah Nyar Heroes အဖွဲ့က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၃ ယောက်သေပြီး ပြည်သူ ၄၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ စျေးသစ်ဝန်းကျင်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ TNLA  မှ သတင်းထုတ်ပြန်ထားပါတယ်။