ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို Federal Wings မှ နောက်ဆုံးထုတ်လုပ်ထားတဲ့ Hercules 3 ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါ တယ်။

FW R&D တပ်ဖွဲ့ရဲ့ Hercules 3 ဒရုန်းတွေဟာ စစ်ကောင်စီစခန်းကုန်းတွေကို တိုက်ခိုက်ဖို့ ရည် ရွယ်ထုတ်လုပ်ခဲ့ပြီး ရည်ရွယ်ချက်အတိုင်း ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

”Cobra Federal Wings တွေရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုတွေကို FW ရဲ့ နောက်ဆုံးပေါ် Hercules 3 နဲ့ပေါင်းစပ်လိုက်တဲ့အခါ စကစစခန်းကုန်းတွေရဲ့ အိမ်မက်ဆိုးတွေ ပိုမိုကြီးထွားလာပါတယ်”လို့ Federal Wings က ဆိုပါတယ်။

Federal Wings Hercules 3 ဒရုန်း ၃ စင်းကို ထုတ်လုပ်ပြီး အဆင်သင့်ရှိနေပေမယ့် ဘက်ထရီမတပ်ဆင်နိုင်သေးတာကြောင့် မြေပြင်မှာ ရပ်နားထားရတယ်လို့ သိရပါတယ်။

ဘက်ထရီနဲ့ အပိုပစ္စည်းလိုအပ်ချက်တွေ အသုံးပြုနိုင်ဖို့ သိန်း (၁၀၀၀) ခန့်လိုအပ်နေပြီး လက်ရှိ ၄ ရာခိုင်နှုန်းခန့်ရရှိထားပြီလို့ သိရပါတယ်။

Federal Wings Hercules 3 ဒရုန်း ၃ စင်းကို တိုက်ပွဲအတွင်း အမြန်ပို့ဆောင်နိုင်ဖို့ ကူညီပျံသန်းစေလိုသူတွေအနေနဲ့ Federal Wings Facebook ပေ့ချ်ကတစ်ဆင့် ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Video-Federal Wings

0 Shares:
You May Also Like
Read More

ငလျင်ဘေးအတွက် အလှူခံနေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ဧပြီ ၁ ရက် နံနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံ နေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့ပေါ်မှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးတွေ ကြဲချနေတဲ့ကြားက မြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ကျားသစ်နက်တပ်မတော် စစ်ဦးစီး ကိုကိုနိုင်  ဦးဆောင်ကာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူများ လယ်ယာရိတ်သိမ်းနေချိန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေး-မုံရွာလမ်းပေါ်တွင် ပြည်‌သူများထံမှ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး ပြည်သူ အယောက် ၃၀ ကို ကယ်တင်မှုမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေ၊ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက တပ်မ ၃၃ ဗိုလ်ကြီးအေးမင်းထွန်းဦးဆောင်တဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရင်းထံက သိရပါတယ်။
Read More

ရန်ကုန်မြို့ စက်မှုဇုန်များတွင် အကြမ်းဖက်စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရေး သတင်းစကားများ ဖြန့်ဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်ဖို့ သတင်းစကားတွေ ဖြန့်ဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ထံက သိရပါတယ်။