အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မ‌တော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ ဧရာဝတီ PDF က အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီ PDF ရဲ့ အမှတ်စဥ် (၁/၂၀၂၅) သင်တန်းမှာတော့ သင်တန်းသား ရဲဘော် ၈၉ ဦးကို ၂ လကြာ လေ့ကျင့် သင်ကြားပေးခဲ့ပြီးနောက် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေသခံ ပအဖတွေနဲ့ ပကဖတွေ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ၊ အခြားမဟာမိတ် ဆက်ဆံ‌ရေး အဖွဲ့ဝင်တွေနဲ့ ဒေသခံတေီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီ PDF အနေနဲ့ ရောက်ရှိရာ နယ်မြေ ဒေသမှာ အခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ရေး ပူးပေါင်း လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။
Read More

KNU နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး - KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။