စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ မင်းတိုင်ပင်ရွာ အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၂ယောက်ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇွန်လ ၆ရက်၊ မနေ့ကမွန်းလွဲပိုင်းမှာ ပုလဲ-ဂန့်ဂေါလမ်းပိုင်းပေါ်ရှိတဲ့ အထက်ပါစာသင်ကျောင်းကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ရော့ကတ်တွေ ပစ်ခတ်သွားခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့သိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၆၀အရွယ် အမျိုးသား၁ယောက် နေရာတင်သေဆုံးခဲ့ပြီး အနီးအနားနေ အသက် ၄၀ကျော်အရွယ် အမျိုးသမီး၁ယောက်လည်း သွေးလန့်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပေါင် ၅၀၀ ဗုံးတွေဘာတွေတော့ မဟုတ်ဘူး။ ရော့ကတ်နဲ့ပစ်သွားတာ။ စာသင်ကျောင်းဆောင်တွေလည်း နှစ်ခြမ်းပြိုကုန်တယ်။ သစ်ပင်တွေဆို ထက်ပိုင်းပြတ်တယ်။ အိမ်တွေရောပဲ။ သေတာက ရော့ကတ်ထိပြီးချက်ချင်းသေတာ၁ယောက်၊ သွေးလန့်ပြီးသေတာ ၁ယောက်ပါ” လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေအရ ပုလဲမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြား စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှရှိနေတာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မုံရွာရဲစခန်းမှာ အချုပ်ထဲ လူတွေ ပြည့်ညပ်အောင်ထည့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အမြတ်ထုတ်စီးပွါးရှာမှုတွေ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲစခန်းမှာ ရဲဝန်ထမ်းအသိုင်းအဝိုင်းက အချုပ်ကျနေသူတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ဥပဒေမဲ့ထိန်းသိမ်းပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တပ်မှူးတပ်သားတွေက စစ်ရှောင်ဆင်ထိန်းတွေနဲ့ ဆင်တွေကို သွားရောက်ကြည့်ရှု… (ဓာတ်ပုံသတင်း)

CDM လုပ်ဆောင်ခဲ့တဲ့ စစ်ဘေးရှောင် ဆင်ဝိုင်းတွေက ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ ဆင်အုပ်၊ ဆင်ထိန်းတွေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တပ်မှူးတပ်သားတွေ ဆုံတွေ့ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို PLA က ထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ရက်ဆက်ပြုလုပ်နေသည့် စစ်ကောင်စီကြောင့် ကောလင်းတွင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီကနေ့ (ဧပြီလ၁၃) သင်္ကြန်အကြိုနေ့မှာလည်း မြို့အရှေ့ခြမ်း၊ ညောင်ကုန်းကျေးရွာဆီ ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ Kawlin Info က ပြောပါတယ်။
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။