တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်း၊ ဘူဖျောင်းမြို့မှာ မြန့်မာအရေးကို မိုးမောင်းထိုးပြနေတဲ့အနေနဲ့ “ပွင့်လန်းပါစေ မြန်မာပြည်” နာမည်နဲ့ ဓာတ်ပုံပြပွဲကို ဇွန်လ ၇ ရက် ဒီနေ့ မွန်းတည့်ချိန်ကနေ ညနေပိုင်းအထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဓာတ်ပုံပြပွဲဟာ ကိုရီးယားနိုင်ငံမှာ ၁၉၈၇ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးခင်း ဒီမိုကရေစီအရေးအခင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိုရီးယားအဖွဲ့အစည်းတွေနဲ့ မြန်မာအဖွဲ့အစည်းတွေက ပူးပေါင်းကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြန်မာ့ဒီမိုကရေစီအရေး ဓာတ်ပုံပြပွဲကို Myanmar.VOM နွေဦးစင်တာမှ ဦးစီးကာ MFDMC၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) နဲ့အတူ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ဓါတ်ပုံများကို ဘူဖြောင်းဘူတာရှေ့ ပြည်သူ့ရင်ပြင်အဝိုင်းတွင် ခင်းကျင်း ပြသခဲ့တယ်လို့ သိရပါတယ်။
“ကိုးရီးယားမှာလည်း ၁၉၈၇ ဇွန်လမှာ ကျောင်းသားအရေးခင်း တခုရှိခဲ့ပါတယ်။ အဲ့ဒီအထိန်းအမှတ်အနေနဲ့ စီစဉ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ကိုးရီးယားနိုင်ငံမှာလည်း ကျွန်တော်တို့ နိုင်ငံလို ဒီမိုကရေစီ ခရီးကြမ်းရှိခဲ့တယ်ဆိုတာကို လက်ရှိ တောင်ကိုးရီးယားနိုင်ငံသားတွေ သိရှိအောင်…. ပြီးတော့ ကိုရီးယားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေတွေကို သွေးမအေးသွားအောင် ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ MFDMC အတွင်းရေးမှူးကိုလင်းအိမ် က မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါ ဓာတ်ပုံပြပွဲကို ဇွန်လ ၈ ရက်မှာလည်း ဆက်လက် ခင်းကျင်းပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရမှုကို NUG အလုပ်သမားရေးဝန်ကြီးဌာန အမှုဖွင့်တိုင်ကြား…

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ ပါကေးစက်ရုံမှာ မြန်မာလုပ်သား အယောက် ၆၀ ကျော် နစ်နာကြေးမရရှိဘဲ အလုပ်ကနေ မတရားထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
Read More

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုရီးယားရောက် မြန်မာများ တွေ့ဆုံ၊ တော်လှန်ရေးကို NUG ပြတ်ပြတ်သားသား ဦးဆောင်ရန် လူထုက တိုက်တွန်းကြောင်း ထုတ်ပြန်

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ တွေ့ဆုံခဲ့ကြပြီး NUG အနေနဲ့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ လူထုက တိုက်တွန်းခဲ့‌ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။