စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ကန့်ဘလူမြို့‌၊ အထက (၁) ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်းနဲ့အတူအထက်တန်းပြဆရာ ဦးစိုးသင်း၊ ကျောင်းစောင့် ဦးညွန့်ဝင်းတို့ဟာ KTV နဲ့ ဘီယာဆိုင်ကအပြန် သွေးသစ္စာသီချင်းကို ဆိုင်ကယ်စီးရင်း မြို့ပတ်သီဆိုခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခံရတာလို့ သိရပါတယ်။

“အဲ့နေ့က ကျောင်းမှာ ခံဝန်ထိုးခိုင်းတယ်လို့ ပြောတာပဲ၊ ချက်ချင်းမဖမ်းဘူး၊၂၇ ရက်နေ့ကျမှနိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုပြီး ကျောင်းဝန်းထဲအထိ ဝင်ဖမ်းသွားတာ၊ အဲ့ကျောင်းမှာ အစောင့်ပျူတွေလည်းရှိတယ်။ ကျောင်းအုပ်ဆရာကြီးတို့က မူးမူးနဲ့ မြို့ပတ်ပြီး သွေးသစ္စာသီချင်းဆိုသလိုဖြစ်သွားတာ” လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်လာရေးအတွက် ပညာရေးအသိုင်းအဝိုင်းက ကြိုးစားနေတယ်လို့လည်း ကန့်ဘလူမြို့ခံတွေက​ ပြောပါတယ်။

“ပညာရေးဝန်ထမ်းတွေ ကြိုးစားနေသလို ဝါသဝဘုန်းကြီးကလည်း သူ့အမိန့်နဲ့ ပြန်လွှတ်ပေးခိုင်းမယ် ပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိ ၃ ယောက်လုံး မလွတ်လာသေးပါဘူး” လို့ ကန့်ဘလူမြို့ခံ ၁ ယောက်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်းဟာ တန့်ဆည်နယ်ဇာတိဖြစ်ပြီး ကန့်ဘလူမြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်တပ်အာဏာ ယန္တရားတည်မြဲရေးအတွက် စစ်အုပ်စု​ထောက်ခံသူတွေဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းနဲ့ စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းတို့အပါအဝင် လက်ရှိပညာရေးဝန်ထမ်းတွေအထိပါ ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

 

 

0 Shares:
You May Also Like
Read More

မြင်းခြံမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ် တိုက်ပွဲဖြစ်ပွား၍ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တော်လှန်ရေးတပ်များအား လာရောက်ထောက်လှမ်းသည့် ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အကြမ်းဖက်စစ်အုပ်၏ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒကို တုံ့ပြန်သည့် ဒီမိုကရေစီကာကွယ်ရေးဥပဒေ CRPH ပြဋ္ဌာန်း

အကြမ်းဖက်စစ်အုပ်ရဲ့ အတုအယောင်ရွေး‌ကောက်ပွဲ ကာကွယ်ရေးဥပဒေကို တုံ့ပြန်တဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်ပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု ပြုလုပ်မယ့် ဘယ်လိုအတုအယောင်ရွေးကောက်ပွဲကိုမဆို လက်ခံမှာမဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် ရည်ရွယ်ပြဋ္ဌာန်းတယ်လို့ CRPH က မနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
Read More

နွားထိုးကြီးမြို့နယ်မှာ တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ၂၁ ယောက်သေ၊ ၈ ဦးဖမ်းမိ၊ လက်နက် (၃၉) လက် သိမ်းဆည်းရမိ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာတဲ့ ဗိုလ်မှူးရန်လင်းအောင်၊ ဗိုလ်ကြီး အောင်ဇော်မင်း ဦးဆောင်တဲ့ တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅)နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

စေတုတ္ထရာတွင် ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်နေသည့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်း လူရှာပေးရင်း ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်နေတဲ့ ရပ်ကွက်အာဏာပိုင်တွေကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။