အဖက်ဖက်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့အတွက် နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့အသည်းအသန် ပြင်ဆင်နေကြပြီး ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့်အကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ငန်းစဉ်တွေဟာ ထင်သလောက် မရိုးရှင်းသလို ရွေးကောက်ပွဲကျင်းပဖို့ ၆လဝန်းကျင်သာ လိုတော့ပေမယ့် လက်ရှိအချိန်ထိကို ရွေးကောက်ပွဲ နည်းဥပဒေဆိုတာလည်း ထွက်ပေါ်မလာသေးပါဘူး။ 

မည်သို့ပင်ဆိုစေ စစ်ကောင်စီကတော့ နိုင်ငံရေးထွက်ပေါက်အရရော၊ တရုတ်ရဲ့ ဖိအားတွေကြောင့်ပါ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပသွားမှာကတော့ အသေအချာပါပဲ။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ ITAR-TASS Media နဲ့ တွေ့ဆုံစဉ်မှာ အရေးပေါ်ကာလတွေ ပြီးတာနဲ့ ကာလုံကို အာဏာပြန်လွှဲပြီး ရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ 

“မင်းအောင်လှိုင်က ကာလုံကို ပြန်လွှဲမယ်။ ကာလုံကနေ ဦးစီးပြီး ရွေးကောက်ပွဲလုပ်မယ်လို့ သူက ပြောလာခဲ့ပြီ။ အဲ့ဒါတွေကို လေ့လာလိုက်တဲ့အခါကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် ကာလုံကနေ သူ့ကို အာဏာလွှဲခဲ့တဲ့ သမ္မတကို ပြန်အစီရင်ခံရဦးမှာ.. စာနဲ့ အစီရင်ခံရမယ်။ အဲ့အစီရင်ခံစာရတဲ့ နေ့မှာပဲ သမ္မတကနေပြီးတော့ ကာလုံကို ပေးအပ်ထားတဲ့ အရေးပေါ် အမိန့်ကို ဖျက်သိမ်းပြီးကြောင်းကို ကြေညာရမယ်။ အဲ့နောက်မှာမှ ကာလုံကို ရွေးကောက်ပွဲ ဆက်ပြီးကျင်းပဖို့အတွက် အာဏာပေးရမယ်။ အဲ့မှာမှ ကာလုံကနေ ၆လအတွင်း ရွေးကောက်ပွဲ လုပ်ပေးရမယ်။ အဲ့ဒါကတော့ ရွေးကောက်ပွဲ လုပ်ရမယ့် ဥပဒေပါ အချက်အလက်တွေပါပဲ” လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ လူ့အခွင့်အရေးရှေ့နေ ဦးကြီးမြင့်က မောင်းကို ရှင်းပြပါတယ်။ 

ဒီအထိကတော့ ရိုးရှင်းသလို ဖြစ်နေပေမယ့် တကယ်တမ်း မရိုးရှင်းနေပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ အာဏာသိမ်းတာကို အာဏာထိန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာထိန်းကာလကို ၆ လ တစ်ကြိမ် သက်တမ်းတိုးနေတာက မင်းအောင်လှိုင် ဖြစ်သလို ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) ကလည်း မင်းအောင်လှိုင်ပဲ ဖြစ်နေတာပါပဲ။ အဲ့ဒါနဲ့တင် မပြီးသေးပါဘူး။ မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ်ရာထူးသာမက သူ့ကိုယ်သူ နိုင်ငံတော် ယာယီသမ္မတရာထူးကိုလည်း ကိုယ်တိုင် ပြန်လည်ပေးအပ်ထားသူ ဖြစ်ပါတယ်။ 

ဒီတော့ ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်ဦးစီးချုပ်အဖြစ် ဆက်ရှိမှာလား၊ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ ပေါင်းပြီး နိုင်ငံတော်သမ္မတ ရာထူးရယူမှာလားဆိုတာက မုန့်လုံးကို စက္ကူကပ်သလိုပဲ အဖြေမရှိနေပါဘူး။

ဦးကြီးမြင့်က ဆက်လက်ပြီး “လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ၆လ သက်တမ်းက ကုန်ပြီ။ ၆လအတွင်း ရွေးကောက်ပွဲလုပ်ရမှာဆိုတော့ ရေကြည့်လိုက်ရင် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြည့်မှာ။  အဲ့တော့ သူက ဒီ ၆လအတွင်းမှာ လုပ်ကို လုပ်ရမှာ။ နည်းဥပဒေကလည်း မထွက်ရသေးဘူး။ အဲ့ဒါတွေကလည်း ဒီကြားထဲမှာ ထုတ်ရမယ်ပေါ့နော် ပြီးသွားရင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကိုလည်း လူသစ်တွေ ခန့်ပြီး လုပ်ရမယ်ဆိုတာကို ဥပဒေကတော့ ပြဌာန်းထားတယ်။ အဲ့ဒါတွေကိုတော့ သူဘယ်လိုလုပ်မလဲ စောင့်ကြည့်ရမှာပဲ” 

“ပြီးတော့ တရုတ်ရဲ့ ဖိအားက တအားပြင်းလာလို့ မဖြစ်ဖြစ်အောင် လုပ်သွားမယ့် အနေအထားပဲ။ သူ (မင်းအောင်လှိုင်) ကတော့ မလုပ်ချင်နေဘူး။ သူကတော့ အာဏာထိန်းတယ်ဆိုပြီး ရာသက်ပန်တောင် တိုးချင်နေတဲ့သူ။ ဒီတော့ ဒီရွေးကောက်ပွဲက တစ်ကြိမ်တည်း မရရင်လည်း ၂ ကြိမ်၊ ၃ ကြိမ်လောက် ခွဲလုပ်မယ့်အနေအထားမျိုး” လို့ ဆိုပါတယ်။ 

အခု စစ်ကောင်စီကနေ ကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ အာဆီယံတခြမ်း၊ အီရန်၊ အိန္ဒိယ နိုင်ငံတွေက အသိအမှတ်ပြုမှာဖြစ်ပြီး အာဆီယံတခြမ်းနဲ့ အမေရိကန်၊ ဩစတေးလျ၊ နယူးဇီလန်နဲ့ EU နိုင်ငံတွေကနေတော့ အသိအမှတ်ပြုကြမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လားသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။ 

အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံကလည်း  မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ  ရပ်တန့်ဖို့ တောင်းဆိုထားပြီး စစ်ကောင်စီ အဆိုပြုထားတဲ့ ရွေးကောက်ပွဲကို  နိုင်ငံရေးလှည့်ဖျားမှုအဖြစ် သတ်မှတ်ကြောင်း သဘောထား ပြသထားပါတယ်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မည်သည့်ရွေးကောက်ပွဲမဆို တရားဝင်အဖြစ် သတ်မှတ်ခံရဖို့ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး အတိုက်အခံအဖွဲ့တွေပါ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ဆိုထားတာပါ။  

နယ်မြေများစွာကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ သူတို့ စိုးမိုးထားနိုင်တဲ့ မြို့အနည်းငယ်ကလွဲလို့ တစ်နိုင်ငံလုံးအပြည့်တော့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ မဟုတ်တာအသေအချာပါပဲ။ 

“ရွေးကောက်ပွဲကို ပြည်သူတွေကလည်း အသိအမှတ်မပြုကြပါဘူး။ ဒါပေမယ့် လက်နက်နဲ့ စိုးမိုးထားတော့ သူစိုးမိုးနိုင်တဲ့နေရာမှာတော့ အသိအမှတ်ပြုနေရမှာပေါ့။ မြို့ပေါင်း ၁၀၀ လောက်က တိုင်းရင်သားတပ်တွေနဲ့ တော်လှန်ရေးတပ်တွေက သိမ်းထားတယ်။ နယ်မြေ ၇၀% လောက်ကလည်း နွေဦးတော်လှန်ရေးတပ်တွေက စိုးမိုးထားတယ်ဆိုတော့ ဘယ်လို ဆက်လုပ်မယ်ဆိုတာကလည်း စောင့်ကြည့်ရမှာပါ” လို့ ဦးကြီးမြင့်က ဆိုပါတယ်။ 

ရှေ့နေ ဦးကြီးမြင့်

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ နိုင်ငံရေးအင်အားစုအားလုံးကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

ရှေ့နေ ဦးကြီးမြင့်ကတော့ “ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် NUG က စစ်နိုင်အောင် တိုက်ရမှာပဲ။ သူမလုပ်ရင်တော့ ကြာလာတာနဲ့အမျှ စကစရဲ့ စစ်ရေးနိုင်ငံရေးက အပေါ်ကို ပြန်ရောက်သွားပြီး တော်လှန်ရေးက ခံစစ်ကို ရောက်သွားမယ်။ ဒါက ပြည်သူအပေါ်မှာလည်း မူမတည်ဘူး… နိုင်ငံတကာအပေါ်မှာလည်း မူမတည်ဘူး။ NUG ရဲ့ ဦးဆောင်နေတဲ့ အရည်အချင်းနဲ့ စေတနာပေါ်မှာ မူတည်နေပါတယ်။ ဒီတော့ စစ်နိုင်အောင်သာ တိုက်ရမယ် မနိုင်ရင်တော့ ရန်သူလက်အောက်ထဲကို ရောက်သွားလိမ့်မယ်” လို့ ထောက်ပြ ပြောဆိုပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာ မြို့နယ်စုစုပေါင်း ၁၄၄ မြို့နယ်ကို စိုးမိုးချုပ်ကိုင်ထားပြီး အဲဒီထဲမှာမှ မြို့ ၉၅မြို့ (မြို့နယ်အားဖြင့် ၄၈မြို့နယ်) ကို အပြီးသတ် သိမ်းပိုက်ထားတာပါ။ ကျန်တဲ့မြို့နယ်တွေထဲက ၇၉ မြို့နယ်မှာလည်း တော်လှန်စစ် ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီ စိုးမိုးအုပ်ချုပ်ထားနိုင်တဲ့ မြို့ဟာ ၁၀၇ မြို့နယ်သာ ကျန်ရှိတော့ကြောင်း ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ NUG ရဲ့ စစ်ရေးတိုးတက်မှု အစီရင်ခံစာက ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အာဏာသိမ်း ၄ နှစ်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၄၈၀ နီးပါး ကျဆုံးခဲ့

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

“ပြန်ကောင်းခဲ့ရင် လက်နက်ကိုင်ပြီးတော့ တောထဲပြန်ဝင်မှာ” ရဲဘော် နေလင်း

တိုင်းပြည်တစ်ခုရဲ့ အပြောင်းအလဲ အချိုးအကွေ့တွေတိုင်းမှာ လူငယ်တွေဟာ ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်လေ့ ရှိကြပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း ခေတ်အဆက်ဆက် ဒီလိုပဲ လူငယ်တွေဟာ ရှေ့တန်းက ပါဝင်နေခဲ့ ပါဝင်နေဆဲ ဖြစ်ပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကော်မရှင် လက်အောက်ခံများ ပြန်ပေးသမားဆန်ဆန် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ၊ အချို့နေရာများတွင် လူပြန်ရွေးချင်လျှင် သိန်းရာနှင့်ချီပြီး နေ့ချင်းပေးရ

မတရားစစ်မှုထမ်း အပတ်စဥ်(၁၇) ရောက်ရှိလာချိန်မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး၊ မြို့ငယ်တချို့မှာ အကြမ်းဖက်စစ်တပ်ကြောင့် လူငယ်လူရွယ် တော်တော်များများ ဆက်လက် ဖမ်းဆီးစုဆောင်းခံနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။
Read More

အပြန်အလှန်ထိုးစစ်တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေဆဲ မန္တလေးအနီးက မတ္တရာ

မန္တလေး PDF ကစိုးမိုးထိန်းချုပ်ထားတဲ့ မတ္တရာ အနောက်မြောက်ခြမ်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ လက်ရှိအချိန်မှာ ပြန်လည်ဖြစ်ပွားလျက်ရှိပါတယ်။