တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက် မနက်ပိုင်းက ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ဖို့ သွားချိန် နယ်မြေရှင်းလင်းရေးထွက်လာတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လက်ဦးမှု ရယူကာ ပစ်ခတ်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေ လက်ဦးမှု ရယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၆)‌ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး( ၁၃ ) ယောက်ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲ မိနစ် (၃၀) ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေက သေနတ်ဖောက်ချိန်မရဘဲ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုလည်း ၆၀ မမလက်နက်ကြီး (၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးဘူးလို့ LPF က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း(၃)-‌ ဒေါနတပ်ခွဲ (၇)-LPF ၊ ဒေါနတပ်ခွဲ(၄) – KBDF၊ ဒေါနစစ်ကြောင်း (၂)- YGF ၊ MSRF ၊ NMSP (AD)RMA ၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
Read More

လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်စက်ရုံဂိတ်နှင့် ရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာများနှင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံဂိတ်နဲ့ မြို့မရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာ M 79 တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA)က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့ပေါ် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ကို သွားရောက်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်က ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ကံမမြို့နယ်တွင် စစ်အုပ်စုနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရမှုကြောင့် PDF ၁ ဦး သေဆုံး

မကွေးတိုင်း၊ ကံမမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ရဲဘော် ၁ ယောက် အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လသား ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။