ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ကစပြီး ဘားအံ၊ အိန္ဒု တွေဘက်မှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးတဲ့နေရာတွေကလည်း အတည်တကျမရှိတဲ့အတွက် လိုင်စင်မဲ့ယာဉ်မောင်းနှင်တဲ့ ပြည်သူတချို့အပြင်မထွက်ရဲတော့တာကြောင့်  မြို့ပေါ်မှာ အသွားအလာနည်းပါးသွားတယ်လို့ ဆိုပါတယ်။

“နေရာအတည်တကျမရှိဘူး။ သူက အဖွဲ့ ၄ ဖွဲ့ ပတ်ပတ်ပြီးဖမ်းတာ တစ်နေ့လုံးပဲ၊ သူတို့ အဓိကဖမ်းတဲ့နေရာတွေက လမ်းဂိတ်၊ ပလာဇာ၊ ရွှေကြက်ဖ၊ ဘုရားဝင်းကြီး၊ လိုင်စင်မရှိရင်အကုန်ဖမ်းတာ။ အခုလိုဖမ်းနေတော့ အရင်လို လမ်းမှာလူတွေမများတော့ဘူး။ လမ်းတွေလည်း ရှင်းနေတယ်” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလိုဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် မြို့ခံတချို့က အခြားလမ်းတွေဘက်ကို ပတ်မောင်းပြီးသွားရသလို ကူညီမှုအသင်းယာဉ်တွေကိုလည်း ဖမ်းဆီးတဲ့အတွက် အရေးပေါ်ကျန်းမာရေးကြုံလာတဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို လုပ်ဆောင်ရတယ်လို့ နောက်ထပ် မြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

“ဖမ်းတဲ့နေရာ အတိအကျမရှိတော့ ပြောမတတ်ဘူး။ မြို့ကလူဆို ရှောင်သွားတတ်တယ်။ ရွာကလူကတော့ ရှောင်ဖို့ခက်မယ်၊ အရေးပေါ်ကားတွေလည်း နားထားရတယ်။ အခုလောလောဆယ်မှာတော့ တစ်ခုခုဖြစ်ရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရတယ်” လို့ သူကဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လိုင်စင်မဲ့ ကားအစီး ၁၀၀ ကျော်၊ ဆိုင်ကယ်အစီးရေ ၂၀၀ ကျော်ကိုကရင်ပြည်နယ် စစ်ကောင်စီပြည်နယ်သီးသန့်ဝန်းထဲမှာ သိမ်းထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဘားအံမြို့ပေါ်မှာရှိတဲ့ လိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးထားတာ အစီးရေပေါင်း ရာချီရှိခဲ့သလို လိုင်စင်မဲ့ မောင်းသူတွေကိုလည်း ငွေကြေးဒဏ်ရိုက်တာနဲ့ ဖမ်းဆီးထောင်ချတာမျိုးတွေ ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။
Read More

အရပ်သားများကို ဗုံးကြဲပြီးပြန်သည့် စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး အကြမ်းဖက်စစ်သား ၂ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးကြဲပြီးပြန်တဲ့ စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး စစ်သား ၂ယောက် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနဲ့ PDF တပ်ရင်း-၃ အာဠာဝကစစ်ကြောင်းတို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ ပျူခေါင်းဆောင်တစ်ဖြစ်လဲ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရချိန် သေနတ်လုလို့ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ နန်ကြူရွာ၊ အုပ်ချုပ်ရေးမှူးဆိုသူကို ဖမ်းဆီးလာရင်း သေနတ်လုဖို့ကြိုးစားတာကြော င့်နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။ အောက်တိုဘာ ၁ရက်၊ ညပိုင်းက စေတုတ္ထရာမြို့နယ်၊…
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အင်းတော်၊ ဂျပန်လှိုဏ်ဂူစခန်းမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးကို အရှင်ဖမ်းမိ

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူး အောင်သက်ဦးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကသာမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများနှင့် မိသားစုဝင်များကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။