မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ PDF ရဲဘော် ၁ ယောက် ကျ ဆုံးခဲ့တယ်လို့ Wolf Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက်က မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာကနေ အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ PDF ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Wolf Guerrilla Force ၊ အညာဒေသတော်လှန်ရေးအင်အာစု၊ MGN 4(four)၊ ရွှေခြံသား၊ နဂါးနီ၊ MP9 ၊ ပြည်သူ့ ကြယ်တစ်ပွင့်၊ မြင်းခြံမြို့နယ် ပကဖ၊ ​မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့နဲ့ မြင်းခြံခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Wolf Guerrilla Force

0 Shares:
You May Also Like
Read More

မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အထူးလှုပ်ရှားတပ် – Special Regiment မှ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ် (ရုပ်/သံ)

အထူးလှုပ်ရှားတပ် - Special Regiment မှ မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။
Read More

တန့်ဆည်မြို့ လယ်မရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် လယ်မရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၃ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်တောပျူစခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွဦ ပျူစခန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ အဝေးပစ် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အီရန်နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန် (ရုပ်/သံ)

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရပါတယ်။
Read More

မိုးကုတ်မြို့ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် မနေ့က ညနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၇ ယောက်ခန့် သေကာ ၇ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၀ ကျော်သေပြီး ၇ ယောက် ဖမ်းမိခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 အဖွဲ့ထံက သိရပါတယ်။