မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ဗိုလ်နာမည်အသုံးချပြီး မူးယစ်ဆေးဝါးသုံးစွဲသူဆီက လိမ်လည်ငွေညှစ်ခဲ့တဲ့ သဲတော၊ အမှတ်၁ ကံဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ညွန့်ဆိုသူ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း၊ သဲတောရပ်ကွက်နေမူးယစ်ဆေးဝါးသုံးစွဲသူ ၁ယောက် ဖမ်းဆီးခံရချိန်မှာ အုပ်ချုပ်ရေးမှူး ကျော်ညွန့်​က အမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးမှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ၁ယောက်နဲ့ ချိတ်ဆက် ညှိနှိုင်းကာ လွတ်မြောက်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက် ကာယကံရှင် မိသားစုထံက ငွေကျပ် ၆၅သိန်း တောင်းယူခဲ့ပြီး ရက်အတော်ကြာသွားချိန်အထိ မရေမရာ မသိချင်ယောင်ဆောင်နေခဲ့တာကြောင့် မိသားစုဘက်က ထွေအုပ်ရုံးသွားရောက်တိုင်ကြားရာမှာ အဖမ်းခံခဲ့ရတာဖြစ်ကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ကျော်ညွန့်က မိသားစုဘက်ကိုကျ ဗိုလ်ကြီးကို ပြောပေးမယ်။ ဗိုလ်ကြီးအတွက်ဆိုပြီး ငွေကိုယူထားလိုက်တယ်။ အဲ့လိုပြောပြီး ငွေတွေကို သူ့ဘာသာပဲသုံးပစ်လိုက်တယ်ပေါ့။ ဗိုလ်ဘက်ကိုကျ ငွေမပေးဘဲ ဖမ်းထားတဲ့ကောင်က သူ့ကောင်ပါ ဘာညာ ပြောပြီး ပြန်ထုတ်ခိုင်းဖို့ စဥ်းစားထားပါလိမ့်မယ်။ ဒါပေမယ့်ကာယကံရှင်တွေဘက်က ဗိုလ်ကြီးကို အရင် သွားတိုင်လိုက်တော့ အခုလိုအဖမ်းခံရတာ” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ Voice Of Wundwin)

လက်ရှိမှာ အမှတ် ၁ ကံဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်ညွန့်ကို ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ထိပ်တုံးခတ် ချုပ်နှောင်ထားတယ်လို့လည်း ​မျက်မြင်တွေ့ခဲ့ရတဲ့ဒေသခံတွေက ပြောပါတယ်။

“ထွေအုပ် ဗိုလ်ကတော့ ကာယကံရှင်ဆီက ယူထားတဲ့ ၆၅သိန်းကို သူ့ကိုပေးရင် ပြန်လွတ်မယ်လို့ စကားသံကြားနေရတယ်။ ကျော်ညွန့်မှာက အဲ့ ၆၅ သိန်းကမရှိတော့ဘူးကြားတယ်ဗျ။ အခုဆို ကျော်ညွန့်ကို သူ့လုပ်ဖော်ကိုင်ဖက် ပျူခေါင်းဆောင်တွေကိုပါ ပေးမတွေ့တော့ဘူး။ ပြည်သူတွေကတော့ ကျော်ညွန့် အဲ့လိုခံရတာ အရင်ကလုပ်ထားတဲ့ ယုတ်မာထားတာတွေကြောင့်လို့ မြင်နေပါတယ်” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ဝမ်းတွင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို စစ်အုပ်စုလက်ပါးစေ ပြည်သူ့စစ်အဖွဲ့ဝင်တွေက ဦးဆောင်လုပ်ကိုင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု မဲပေးရန် နာရီပိုင်းအလိုတွင် ကမာရွတ် မြို့နယ်ရွေးကော်ရုံးအား ပြောက်ကျားတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က စစ်အုပ်စုရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ခုက ဒီဇင်ဘာလ ၂၈ရက် ဒီမနက်အစောပိုင်းမှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

တနင်္သာရီမှာ ကျေးရွာအတွင်း ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ၂ ဦး စစ်ကောင်စီလက်နက်​ကြီး ထိမှန်သေဆုံး…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာတွေ ပြန်လည်သယ်ယူတဲ့ စစ်ဘေးရှောင်အရပ်သား ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ စစ်ဘေးရှောင်တွေ ကယ်ထုတ်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ကာ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ စစ်ဘေးရှောင်တွေကို ကယ်ထုတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိကာ စစ်ရှောင်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Student's Revolutionary Force (S.R.F) ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က မောင်းကိုပြောပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် ဆိုင်ကယ် ခိုးသူ ၂ ဦးကို မြို့နယ် ပလဖ ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ဆိုင်ကယ်ခိုးသူ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။