Federal Wings အဖွဲ့က ထုတ်လုပ်ထားတဲ့ Hercules ဒရုန်းတွေရဲ့ နောက်ဆုံးမျိုးဆက် Federal Wings Hercules 3 ရဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။

Hercules 3 တွေ ဆက်လက်ထုတ်လုပ်နိုင်ဖို့ Federal Wings အဖွဲ့အနေနဲ့ ကြိုးစားနေသလို ထုတ်လုပ်ထားပြီး ဘက်ထရီမတပ်ဆင်နိုင်တဲ့အတွက် Hercules 3 (၃) စင်း မြေပြင်မှာ ရပ်နားထားရတယ်လို့ သိရပါတယ်။

Hercules 3 ဒရုန်း ၁ စင်းရဲ့ ဘက်ထရီတန်ဖိုးဟာ သိန်း ၃၀၀ ကျော်ကုန်ကျပြီး ဘက်ထရီအပို‌ ဆောင်ထားရတဲ့အတွက် ထပ်မံကုန်ကျမှုရှိတယ်လို့လည်း သိရပါတယ်။

Federal Wings Hercules 3 ဒရုန်း ၃ စင်း စစ်ဆင်ရေးလုပ်နိုင်ဖို့ သိန်း ၁၀၀၀ ခန့်လိုအပ်နေပြီး ကူညီပျံသန်းစေလိုသူတွေအနေနဲ့ Federal Wings Facebook ပေ့ချ်ကတစ်ဆင့် ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Video – Federal Wings

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဆား‌တောင်ရဲစခန်းနဲ့ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် ရဲစခန်းနဲ့ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon  အဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ စခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့ကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့ (Salingyi) က ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။
Read More

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ -နွားထိုးကြီးလမ်းပိုင်း မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ- နွားထိုးကြီးလမ်းပိုင်းရဲ့ ငလျင်ပြတ်ရွေ့ကြောအခြေအနေကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆို (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်တွေက ဂုဏ်ပြုကြိုခဲ့ကြတယ်လို့ သိရပါတယ်။