မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ဇွန်လ ၅ ရက် ဒီနေ့ နေ့လယ် ၁ နာရီ ၃ မိနစ်လောက်မှာတစ်ကြိမ်၊ ၁ နာရီ ၆ မိနစ်လောက်မှာတစ်ကြိမ် အောင်းရွာအနောက်မြောက်ဘက်တစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ အလောင်းတောင်အနီး စစ်ကြောင်းထိုးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့တာ ဖြစ်ပါတယ်။

“အခုကြဲတာက တောတွင်းနေရာကို ကြဲတာလို့သိရတယ်။ ၁ ရက်နေ့က တောင်ဘက် အောင်းရွာဘက်ကို လူစုခွဲပြီး စစ်ကြောင်းထိုးလာတာပါဗျ၊ အဲဒါကို စောင့်ကြိုတိုက်ခိုက်တာပါ၊ အထိနာပြီး ပြန်ဆုတ်ပြေးသွားကြတယ်။ ပစ်ခတ်မှုဖြစ်တာက ၂ ရက်နေ့ကလည်းက အခုမှလာကြဲတာ” လို့ ထီးလင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ မေလ ၃၁ ရက်နေ့မှာ အင်အား ၁၀၀ ကျော်နဲ့ သရခါရွာကိုစစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး အဲ့ကနေတစ်ဆင့် တောင်ဘက် အောင်းရွာဘက်ကို လူစုခွဲကာ ကင်းပတ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီးထိခိုက်မှု တစ်စုံတစ်ရာရှိမရှိ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့ လေကြောင်းတိုက်ခိုက်သွားတဲ့ နေရာတစ်ဝိုက်မှာ အောင်းရွာရှိပြီး စစ်ကောင်စီတပ်သားတွေကို ကြောက်တဲ့အတွက် ဒေသခံတွေဟာ ကျေးရွာတွေကနေ ရှောင်တိမ်းနေကြတာ ၃ နှစ်ခန့်ရှိပြီလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“အရင်က ရွှေအောင်သာရွာမှာ စကစ ရဲ့ ကာကင်းစခန်းရှိတယ်လေ။ အဲ့ဒါကြောင့် လူမနေတာ။ စကစ ရဲ့ ကာကင်းစခန်းက ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ထီးလင်းမြို့ကို စခန်းသိမ်းပြီးလာပေါင်းနေတာ။ အခု ရွှေအောင်သာက ဒေသခံတွေက သူတို့တောင်ယာတွေနဲ့ နီးစပ်ရာ ချင်းရွာတွေမှာ နေကြပါတယ်” လို့ ဆိုပါတယ်။

အောင်းရွာဟာ ဆော ၊ ထီးလင်း ၊ ချင်းပြည်နယ်၊ မင်းတပ်နယ် ဆုံတဲ့နေရာက ကျေးရွာတစ်ရွာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကလည်း ထီးလင်းမြို့နယ် အရှေ့ခြမ်းတစ်နေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

ယင်းမာပင်ခရိုင်အတွင်း ဗုံးခိုကျင်းများ ကြိုတင်တူးထားကြဖို့ ခရိုင် (ပ.အ.ဖ) တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNDF အမှတ် ၁၄ တပ်ရင်း၏ အပတ်စဥ် (၆) စစ်သင်တန်းဆင်းပွဲနှင့် ၄ နှစ်ပြည့် မွေးနေ့အခမ်းအနား၊ ၄ နှစ်တာအတွင်း ကျဆုံးအာဇာနည်ရဲဘော် ၁၃ ဦး ရှိခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်မှုထမ်း ဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲရောက်နေတဲ့ တပ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ မကွေး PDF ဆီ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ မကွေးတိုင်းအရှေ့ခြမ်းက ကြိုးကြာနီတပ်ရင်း (၇) ဆီ ဆက်သွယ် အလင်းဝင်ရောက်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။