ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးမှာ ကျဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့မှာ ရှောင်တိမ်းနေချိန် စစ်ကောင်စီ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့လအနည်းငယ်က စစ်ကြောရေးစခန်းမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားခဲ့တဲ့အပေါ် CRPH အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပြီး အဆိုပါသေဆုံးမှုနဲ့ပတ်သက်လို့ အပြင်းအထန် ရှုံ့ချကြောင်း CRPH က ထုတ်ပြန်ကြေညာပါတယ်။

ရွာငံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း (ဓာတ်ပုံ CRPH)

CRPH ကောက်ယူထားတဲ့ အချက်အလက်တွေအရ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက်နဲ့ တိုင်းနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်ဟာ လုံလောက်တဲ့ ဆေးကုသမှုမရရှိခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအတွက်လည်း များစွာ စိုးရိမ်ပူပန်ကြောင်း CRPH က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အများအပြားနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက အခြား နေရာဒေသတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြား နိုင်ငံတွေကို တိမ်းရှောင်နေရဆဲ ဖြစ်ပြီး နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေလည်း ချိတ်ပိတ်ခံထားရသလို ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် ၁၈ ယောက်နဲ့ တိုင်းနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄၁ ယောက် စစ်ကောင်စီက ဒီနေ့အချိန်ထိ ဖမ်းဆီးထားတယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြဝတီမြို့မှာ ဗုံး မတော်တဆ ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ၏ ဗိုက်ထဲက ကလေးပါ သေဆုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက်၊ ရေပူကျေးရွာက နေအိမ်တစ်ခုမှာ ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်းက ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား ၂ ယောက် သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ယောက်ရဲ့ ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..

ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်မှာ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းမြို့နယ် ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ ဦး သေဆုံး၊ ၇ ဦး စိုးရိမ်ရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။