စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျုစောထီးတွေရဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရင်းမြစ်ဌာနေဆီက သိရပါတယ်။

ဇွန် ၅ ရက် မနက် ၉ နာရီခွဲကျော်လောက်က ဘန့်ဘွေးရွာ ကွင်းလမ်းတစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့က အကြောင်းမဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ယောက်၊ အမျိုးသား ၁ ယောက် သေဆုံးပြီး ကားဆရာလည်း ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။

“အမျိုးသမီးတစ်ဦးကတော့ ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားတာ။ နောက်အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှုခံယူရင်း သေဆုံးသွားတာ၊ ဘန့်ဘွေးပျုရွာကထွက်တဲ့ ပျူနဲ့ စစ်အကြမ်းဖက်အုပ်စုက လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာ”လို့ ရင်းမြစ်ဌာနေရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

သေဆုံးသူတွေဟာ ယင်းမာပင်နယ် ကင်းရွာနဲ့ ပါဟဲရွာက ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဘန့်ဘွေးရွာဟာ မုံရွာ − ယာကြီး − ကလေးဝ ကားမပေါ်မှာရှိတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ထန်းတောကြီးကျေးရွာက ကလေးငယ်တစ်ယောက် ဒဏ်ရာရရှိသွားသလို ၊ ရေကြည်ပင်ရွာက အမျိုးသမီးတစ်ယောက်လည်း ထိမှန်သေဆုံးခဲ့ပါသေးတယ်။

(ဓာတ်ပုံ ရင်းမြစ်ဌာနေ)

0 Shares:
You May Also Like
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စလင်းနှင့်ချောက်တွင် ရက်ပိုင်းအတွင်း လူငယ်လူလတ်ပိုင်း အမျိုးသား ၂၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

ကွေးတိုင်း၊ စလင်းနဲ့ ချောက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာရာ ရက်ပိုင်းအတွင်း အမျိုးသားလူငယ် အယောက် ၂၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြင်းပြင်းထန်ထန် သတိပေးခံထားရတဲ့ကြားက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေ သန်းခေါင်စာရင်း လိုက်ကောက်နေ

မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့နယ်တော်တော်များများမှာ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သတိပေးချက် ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သန်းခေါင်စာရင်း ပေါ်ပေါ်ထင်ထင် ကောက်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။
Read More

ဇွန်လအတွင်း မင်းကွန်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အယောက် ၅၀ ထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ရက်စက်စွာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လင်းထက်အောင် (ခေါ်) Error ကို စစ်ကြောမှုမှာ ဘယ်သူတွေပါခဲ့လဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။…