ဇွန်လ ၅ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော်၊ ပျဉ်မနားနဲ့ အနီးဝန်းကျင်နေရာတွေမှာ ငလျင်လှုပ်ခတ်သွားပြီး သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လယ်ဝေးမြို့ရဲ့ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာမှာ ရစ်ချ်တာစကေး ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်ချိန်ဟာ ကျောင်းတက်ချိန်ဖြစ်နေတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းထဲကနေ ပြေးထွက်လာကြတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

Video – A5 အချိုရည်ဖြန့်ချိရေး/ဧကရာဇ်မင်း

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပျူစောထီး တသိုက်ကို ရှေ့ထွက်ပြောင်း ၅ပြောင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး သော်ဇင်ထွန်းအပါအဝင် ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၁၉ ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးသော်ဇင်ထွန်းအပါအဝင် ၄ ယောက် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် 'TRIဗျူဟာ' သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ PDF ရဲဘော် ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။