မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါရိက္ခာကားတွေဟာ ဇွန်လ ၁ ရက်နေ့ကတည်းက စထွက်လာတာဖြစ်ပြီး လာတဲ့လမ်းတလျှောက်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲခြင်းကို ခံရတဲ့အတွက်ကြောင့် ယာဉ်မောင်းဖို့ ဌားလာတဲ့ အမျိုးသားတစ်ဦးဟာ ကြောက်လန့်ပြီး ဇွန်လ ၃ ရက်နေ့မှာ ထွက်ပြေးခဲ့ပါတယ်။

အခုလိုထွက်ပြေးခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ အဆိုပါအမျိုးသားကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် သူနဲ့အတူလိုက်ပါလာတဲ့ ကုန်ကားမောင်းနှင်းပေးသူတစ်ယောက်နဲ့ မြေထိုးကားမောင်းပေးသူ ၂ ယောက်လည်း ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျနော်သတင်းရတာတော့ ကားမောင်းလိုက်တဲ့သူတွေကို တစ်ယောက်သိန်း၅၀ပေးပြီး ခေါ်လာတယ်ကြားတယ်။ လမ်းမှာမိုင်းဆွဲတိုက်ခိုက်ခံရတာများတော့ ကားသမားတွေလည်း ကြောက်လန့်ပြီးထွက်ပြေးကြတာ၊ ကားသမားတွေ ကြောက်လို့ထွက်ပြေးတာကို စစ်ကြောင်းမှူးက ပစ်မိန့်ပေးလိုက်လို့ကြားတယ်” လို့ ပခုက္ကူနယ်ခံတစ်ယောက်က မောင်း ကိုပြောပါတယ်။

(ဓာတ်ပုံ We Love Myaing)

အဆိုပါ ရိက္ခာယာဉ်တန်းဟာ ဇွန်လ ၃ ရက်နေ့က ကန်တော် ၊ ညောင်ပင်လှ ၊ ပါဝါမင်းဆီဆိုင်ဟောင်းမှာ ရှိနေခဲ့ပြီး ၄ ရက်နေ့မှာတော့ ညောင်ဂျစ်ပင်ရွာဘက်ကို ရောက်ရှိကာ ကမ္မစခန်းထဲကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ ရိက္ခာကားဟာ စုစုပေါင်း (၁၂၆) စီးခန့်ရှိပြီး အဆိုပါယာဉ်တန်းတွေဟာ ပေါက် ကပစ ၂၄ အထိ ရောက်ရှိမှာဖြစ်သလို အဲဒီကတစ်ဆင့် ပေါက်နယ်အတွင်းရှိ ပျူရွာတွေကို ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒါကြောင့် တပ်ကုန်း ၊ ပင်တောင် ၊ သစ်ချိုကုန်း ပျုရွာအနီးမှာ နေထိုင်တဲ့ ဒေသခံတွေ ကြိုတင်သတိထားကြဖို့ နဲ့ ပေါက်နယ်ကနေ ရိက္ခာပို့ပြီး ပြန်ထွက်လာချိန်မှာလည်း ဝန်ခြုံး ၊ ပင်တောင် ၊ သစ်ချိုကုန်း ၊ တပ်ကုန်း ၊ ရွာသစ် ပျူရွာက ရွာသူ ၊ ရွာသားတွေ လိုက်ပါလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်မှုထမ်းဆင်းများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြည်သူတွေကို ဖမ်းဆီးပြီး ကျေးရွာတွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။