ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူမြို့နဲ့ ထိုင်းနိုင်ငံ၊ စံခလပူရီဒေသဘက်ကို ဝင်ထွက်သွားလာလို့ရတဲ့ မလွယ်ပေါက်(နောက်ဖေးပေါက်) တွေကို ထိုင်းအစိုးရဘက်ကနေ ပိတ်ပစ်လိုက်ပြီးနောက် တနိုင်တပိုင် ကုန်သွယ်မှုတွေ ခက်ခဲလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“အခုက မလွယ်ပေါက်တွေ ပိတ်လိုက်တော့ တနိုင်တပိုင်ပေါ့နော် အဲဒီကုန်စည်တွေက ပိုခက်ခဲလာတာပါ။ မြန်မာဘက်နေလည်း ထိုင်းဘက်ကို ဘာမှ ပို့မရတော့ဘူး။ လောလောဆယ်ပေါ့နော်။ ထိုင်းဘက်ကနေလည်း အဝင်တွေ မရှိနေဘူး။ ကုန်တွေ ဈေးတက်မလား စောင့်ကြည့်နေရတယ်” လို့ ဘုရားသုံးဆူမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့ မေလ ၂၆ ရက်နေ့မှာ မြန်မာပြည်ကနေ ဘတ်ငွေ ၁၈ သန်းခန့် သယ်ဆောင်လာတဲ့ ထိုင်းအမျိုးသားတစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိပြီးနောက် အခုလို မလွယ်ပေါက်တွေ ပိတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ထိုင်းအမျိုးသားဟာ ရတ်ဘူရီက အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး နွန်လူရွာထဲမှာရှိတဲ့ ဓာတ်မြေဩဇာဂိုထောင်မှာ ထိုင်းအစိုးရကနေ ဖမ်းမိခဲ့ကြောင်း၊ သူဟာ ဘုရားသုံးဆူကနေ နယ်စပ်ကုန်လှောင်ရုံ နောက်ဖေးပေါက်ကတဆင့် လာခဲ့တာဖြစ်ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

အဲဒီနောက်မှာ စံခလဘူရီခရိုင် အကြီးအကဲနဲ့ ဒေသအာဏာပိုင်တွေက မြန်မာဘက်ကို ဝင်ပေါက်ဖွင့်ထားတဲ့ နယ်စပ် အဆောက်အအုံ ၄၂ လုံးကို ရှာဖွေ တွေ့ရှိခဲ့ပြီး အဲဒီနေရာတွေ အားလုံးကို ပိတ်ပစ်စေခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ်မြို့ခံတစ်ယောက်ကလည်း “လွယ်တော့မလွယ်ဘူး။ ထိုင်းထဲကို ဘာပစ္စည်းမှ ပို့မရဘူး။ အခုက ဂိတ်ပိတ်လိုက်တာထက် စာတိုက်တွေကိုလည်း မျက်ခြေမပြတ် ကြည့်နေကြဝာာ …. ဘယ်သူမှ ဘာမှ ပို့မရဲကြဘူး” လို့ ဆိုပါတယ်။

အဲဒီ အသက် ၂၅ နှစ်အရွယ် မှောင်ခိုသမားက သူဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဲဒီနောက်ဖေးပေါက်ကနေ အပတ်တိုင်း နယ်စပ်ဖြတ်ခဲ့ကြောင်း၊ တစ်ခါဖြတ်ရင် ဘတ် ၅၀၀ ပေးခဲ့ရကြောင်း ထိုင်းရဲတွေကို ထွက်ဆိုထားပါတယ်။

သူ့အနေနဲ့ အဲဒီငွေတွေကို ဘဏ်အပ်ပြီး အကြွေးဆပ်ဖို့ ရည်ရွယ်ထားကြောင်း၊ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ ဆက်စပ်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ သူ့ကို ထိုင်းဘတ်ငွေ ၃ သန်း အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်ဝမ်အရေး တရုတ်ဘက်က ထောက်ခံရပ်တည်မယ်လို့ အကြမ်းဖက်စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်း ဆို

"ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွတ်ပြီလို့ ထိုင်းအစိုးရ ပြော

စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ သန်းတစ်ထောင်နီးပါး ကုလ အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ 
Read More

တောင်ကိုရီးယားတွင် စစ်တပ်၏ ရွေးကောက်ပွဲအတု ကြိုတင်မဲလာပေးသူ ၁၀ ဦး ဝန်းကျင်သာ ရှိ 

စစ်အုပ်စုဟာ ပြည်ပရောက်မြန်မာတွေကို ကြိုတင်မဲပေးဖို့ နည်းလမ်းမျိုးစုံနဲ့ တိုက်တွန်းနှိုးဆော်နေခဲ့ပေမယ့် တောင်ကိုရီးယာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကြိုတင်မဲလာပေးသူဟာ ၁၀ ယောက် ဝန်းကျင်သာ ရှိတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်အင်အားစုတွေထံက သိရပါတယ်။ 
Read More

တောမီးကြောင့် ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မြို့တော်နဲ့ သန်းကြွယ်သူဌေးတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းနေ

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေတာကြောင့် နာမည်ကြီး လူသိများတဲ့ ကမ္ဘာ့ ရုပ်ရှင်မြို့တော် Hollywood အပါအဝင် သန်းကြွယ်သူဌေးတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေ မီးလောင်ကျွမ်းခံနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။