မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၄၇) ယောက် စုစုပေါင်း (၅၃) ယောက် သေဆုံးခဲ့တယ်ဆိုတာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါသေဆုံးသူတွေထဲ မကွေးတိုင်းမှာ (၁၅) ယောက်သေဆုံးကာ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၁၂) ယောက် သေဆုံးကာ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးကျေးရွာကို ချပ်သင်းကျေးရွာအထိုင်တပ်စခန်းက အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးပူပေါင်းအဖွဲ့က အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကံကြီးကျေးရွာအနောက်ဘက်မှာ အမျိုးသား ၂ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုချိန်ကစလို့ ဇွန်လ ၄ ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၆၇၇၂) ယောက် သေဆုံးခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

A

0 Shares:
You May Also Like
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ

မြို့ကြီးတွေကို အဓိက ဓာတ်အားဖြန့်ဖြူးနေတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွင်းကဓာတ်အားပေး စက်ရုံကို ပြင်ဆင်ဖို့ဘတ်ဂျတ်မရှိတာကြောင့် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားလာတာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေအရ သိရှိရပါတယ်။
Read More

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁) မှ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ် ၏ ဈာပနအခမ်းအနား

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ကူမင်းဆွေးနွေးမှုအပြီး စစ်ကောင်စီ နောင်ချိုကို ဗုံးကြဲ

စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရုပ်ပွားတော်တွေ ဦးခေါင်းတော်ဖြတ်တဲ့ လုပ်ရပ်ဟာ ဘာသာရေးနဲ့ ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်ခြင်းဟုဆို

ကရင်နီပြည်က ရုပ်ပွားတော်တွေရဲ့ ဦးခေါင်းတော်ဖြတ်တဲ့ ဖြစ်စဉ်က ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်သာဖြစ်ကြောင်း မိုးဗြဲ People Defense Force က ဒီနေ့ အောက်တိုဘာ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။