ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း ၅၀ ထက်မနည်းဖမ်းဆီးရမိပြီး ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Cobra Column 2 (Venom Column) ရဲ့ ထုတ်ပြန်ချက်နဲ့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဇွန်လ ၂ ရက်ကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မနေ့က ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ သေ့ဘောဘိုးစခန်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်က အလောင်း ၃၀ ကျော်ကို တွေ့ရှိရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအဖြစ် ဂျက်ဖိုက်တာ ၃ စီး၊ Y12 ၂ စီး နဲ့ လာရောက် ဗုံးကြဲခဲ့ပြီး ဝေါလေဗျူဟာကလည်း လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေ့ဘောဘိုးစခန်းကို KNLA၊ PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ Cobra Column 2 VENOM စစ်ကြောင်းက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၁၂၀ မမ အပါအဝင် လက်နက်ကြီးတွေနဲ့ အခြား လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုင်းနယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံကလည်း ထိုင်းလေပိုင်နက်ကို ကင်းလှည့်ဖို့ နခွန်စဝမ်ပြည်နယ် လေတပ်အခြေစိုက်စခန်းကနေ F-16 တိုက်လေယာဉ်နှစ်စင်း ကင်းလှည့်ပျံသန်းခဲ့ပါသေးတယ်။

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ သေ့ဘောဘိုး ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေထဲ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေထဲမှာ ဥကရစ်ထစခန်း၊ ဝေါ်လေဗျူဟာကုန်း ၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းနဲ့ နော်တရာ(​နောင်ခလာ)စခန်းတို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ယောက် အပါအဝင် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က စျေးရပ်ကွက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းလွှတ်တော်နဲ့ WHO ပူးပေါင်းပြုလုပ်တဲ့ ကွန်ဖရန့်ကို CRPH တက်ရောက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့  နိုင်ငံတကာ ပါတီမန်များအဖွဲ့၊ ထိုင်းလွှတ်တော်နဲ့ WHO တို့ ပူးတွဲပြုလုပ်တဲ့ Regional Conference ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တက်ရောက်ခဲ့ပါတယ်။
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးပစ်သည့် အရာရှိအပါ ၂ ဦး သေပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လက်နက်ကြီးပစ်တဲ့ အရာရှိအပါအဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်တွင် ရဲစခန်းမှ ဂိတ်စခန်းကို ထွက်လာသည့် ရဲများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ်နှင့် နယ်ထိန်းရဲ အပြင်းအထန် ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မုတ္တိုင်ရဲစခန်းကနေ တမံကြီးရွာဘက် ဂိတ်စခန်းကို ထွက်ခွာလာတဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်နဲ့ နယ်ထိန်းရဲတို့ ၂ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။