မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကစလို့ မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်အားပေးထောက်ခံခဲ့တဲ့ အီဂျဲမြောင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး သမ္မတဖြစ်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၃ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက အတိုက်အခံခေါင်းဆောင် အီဂျဲမြောင်ဟာ အဓိကပြိုင်ဘက် ကင်မြန်စူးကို အနည်းဆုံး ၁၂ ရာခိုင်နှုန်းအသာ မဲရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

သမ္မတသစ်ဖြစ်လာတဲ့ အီဂျဲမြောင်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သူဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံအတွင်း မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောက်ပံ့မှုအားကောင်းတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) “မြန်မာနက်ဝပ်အဖွဲ့အစည်း” ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မေလ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ဂွမ်ဂျူးမြို့ ၅.၁၈ နှစ်ပတ်လည် အခမ်းအနားမှာလည်း အီဂျဲမြောင်က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

သမ္မတသစ်အဖြစ် ကျမ်းကျိန်နေသည့် အီဂျဲမြောင်နဲ့ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ဂွမ်ဂျူးမြို့ ၅.၁၈ နှစ်ပတ်လည် အခမ်းအနားတွင် အီဂျဲမြောင်နှင့်အတူ NUG ဝန်ကြီး ၂ ဦးကို တွေ့ရစဉ် (ဓာတ်ပုံ – ဆင်ဟွာ၊ NUG တောင်ကိုရီးယားရုံး)

0 Shares:
You May Also Like
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။ 
Read More

မြဝတီအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေ ခြေရာခံနိုင်ထားပြီး အစွမ်းကုန်တိုက်ဖျက်ချေမှုန်းသွားမယ်လို့ တရုတ်အစိုးရ ကြေညာ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းဟာ တရုတ်သရုပ်ဆောင်တွေကို ပစ်မှတ်ထားနေပြီး အဲ့ဒီဂိုဏ်းကို ခြေရာခံနိုင်ပြီလို့ တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူမှာ မလွယ်ပေါက်များ ပိတ်ခံရပြီးနောက် ကုန်စည်တင်သွင်းမှုခက်ခဲနေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူမြို့နဲ့ ထိုင်းနိုင်ငံ၊ စံခလပူရီဒေသဘက်ကို ဝင်ထွက်သွားလာလို့ရတဲ့ မလွယ်ပေါက်(နောက်ဖေးပေါက်) တွေကို ထိုင်းအစိုးရဘက်ကနေ ပိတ်ပစ်လိုက်ပြီးနောက် တနိုင်တပိုင် ကုန်သွယ်မှုတွေ ခက်ခဲလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်တပ်၏ ပြောင်းလဲမှုများက စစ်မှန်သည့် အပြောင်းအလဲ မဟုတ်ဘူး ဟု International IDEA ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကို မြန်မာနိုင်ငံရဲ့ ကြားကာလအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်ကြောင်းနဲ့ လွန်စွာစိုးရိမ်ကြောင်း International IDEA က သဘောထားထုတ်ပြန်လာပါတယ်။ 
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှား ဦးဆောင်ပြုလုပ်

လာမယ့်အပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာပြည်ပဋိပက္ခအရေး သံတမန်ရေးဆွေးနွေးပွဲကို ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအကြီးတန်းသံတမန်တဦးက ယမန်နေ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။