ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်မှာ စစ်ကောင်စီရဲ့ ရေနီပေါက်ဗျူဟာ ကာကင်းစခန်းတစ်ခုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်သား အယောက် ၂၀ ကျော် သေဆုံးခဲ့ပြီး စစ်လက်နက်တွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်ကတော့ အဆိုပါ ဗျူဟာစခန်းမကျရေးအတွက် လက်နက်ကြီးတွေ၊ လေယာဉ်ပစ်ကူတွေနဲ့ ခုခံကာကွယ်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း ကရင်နီတပ်ပေါင်းစုရဲ့ ထိုးစစ်တွေကို မတားဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

စစ်တပ်ရဲ့ ဗျူဟာစခန်းကုန်းရှိတဲ့ ရေနီပေါက်ရွာဟာ ဘောလခဲမြို့နဲ့ ကပ်လျက်ရှိနေတာပါ။ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ကနေလည်း ဘော်လခဲမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုကို သိမ်းပိုက်ထားကာ စစ်သား ၆၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေဟာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်တွေကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး ဘောလခဲမြို့မှာတော့ စစ်ကောင်စီရဲ့ ခမရ ၄၂၉ ၊ ခမရ ၄၃၀၊ ခလရ ၃၃၇ တို့အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂ လက် အောက်ခံတပ်ရင်းအချို့ကလည်း အင်အားလာဖြည့်ထားတယ်လို့ ကနဦး သိရပါတယ်။

(ဓာတ်ပုံ AEC)

0 Shares:
You May Also Like
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူခရိုင် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်က ပခုက္ကူခရိုင်အတွင်းရှိ လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော် အထက်တန်းကျောင်းရှေ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားများ ထွက်ပြေး၊ ဆိုင်ကယ် ၃ စီး၊ ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ အထက်တန်းကျောင်းရှေ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖ နဲ့ LDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဝင်ရောက်နှမ်းဖြူးနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ်ဆောင်ပေးနေသည့် ထွေအုပ်ရုံးများခပ်စိပ်စိပ်တိုက်ခိုက်ခံလာရ…

" ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လုပ်နေတဲ့ နေရာတွေ အခုလထဲမှာ တိုက်ခိုက်ခံရတာတွေ ပိုဖြစ်လာတာ တွေ့ရပါတယ်။ နောက်ပြီး UG တွေရဲ့ မစ်ရှင်ထုတ်ပြန်ချက်တွေမှာလည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုးပမ်းနေသူတွေကို ဆက်တိုက် တိုက်ခိုက်သွားမယ်လို့ ပြောထားကြတယ်” လို့ Rangoon Scout Network တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
Read More

စက်တင်ဘာလအတွင်း ထီးလင်းမြို့နယ် ကျေးရွာများကို စစ်အုပ်စု ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးခဲ့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဟန်ရေးပြ စစ်ရေးလှုပ်ရှားတဲ့အနေနဲ့ စက်တင်ဘာလ တစ်လအတွင်း ကျေးရွာတွေကို ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။