မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။

ဇွန်လ ၁ရက်နေ့ကစလို့ ပခုက္ကူမြို့ တပ်မ (၁၀၁) ကနေ ထွက်ခွာလာတဲ့ အထက်ပါစစ်ကြောင်းမှာ စစ်တပ်နဲ့ ပျူစောထီး အင်အား ၄၀၀၊ ရိက္ခာတင်ကား အစီးရေ ၁၀၀ နီးပါး ပါဝင်ပြီး ပေါက်မြို့နယ်အထိ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ကြောင်း အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

ဇွန်လ ၃ ရက်နေ့မှာတော့ စစ်ကြောင်းတစ်ခုလုံး ပခုက္ကူမြို့နယ်၊ ညောင်ပင်လှရွာနဲ့ ညောင်ဂျစ်ပင်ရွာတွေဆီရောက်ရှိခဲ့သလို ဒီနေ့ (ဇွန်လ ၄ရက်) မှာလည်း ကမ္မမြို့အနီးက ပြည့်အိုင်ကျေးရွာမှာ ရှေ့ပြေးတပ်တချို့ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းထိုးမှုမတိုင်ခင် ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း ပခုက္ကူတပ်မ ၁၀၁ ကနေ စစ်ကြောင်းတစ်ခု အရင်ကြိုထွက်ခဲ့ပြီး လမ်းပိုင်းတစ်လျှောက်က အရပ်သားတွေကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ တော်လှန်ရေးစခန်းတစ်ခုကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လက်ရှိမှာတော့ အထက်ပါစစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ရွှေလှံရွာအတွင်း ရောက်ရှိနေပြီဖြစ်တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“အခုက နောက်ထပ် ထပ်လာနေတဲ့ စစ်ကြောင်းပါ။ ကားအစီးရေ ၁၀၀လောက်ရှိမယ် ခန့်မှန်းရတယ်။ လူအင်အားက ၄၀၀ နီးပါးပေါ့။ စစ်ကြောင်းနှစ်ခု မဆုံကြသေးဘူး။ ခန့်မှန်းရသလောက် ပေါက်အထိသွားမယ်ထင်တယ်။ ပေါက်ကပစ ၂၄ကို ရိက္ခာပို့ဖို့လို့ပဲ ခန့်မှန်းရတယ်” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် ပခုက္ကူ ကမ္မနဲ့ ပေါက်လမ်းပိုင်းက ကျေးရွာနေ ပြည်သူတွေဟာ မိုးရေထဲ စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

“စခတွေ ပေါက် ကပစကို မသွားတာကြာပါပြီ။ သူတို့ကို လမ်းကနေလည်း ဖြတ်တိုက်ခဲ့ဖူးတယ်လေ။ အခုထပ်ပြီး ဘာလို့စွန့်စားလဲတော့မသိဘူး။ ပခုက္ကူ၊ ကန်တော်၊ ညောင်ပင်လှ၊ ညောင်ဂျစ်ပင်၊ ကမ္မ၊ ပေါက်နဲ့ ပေါက် ကပစလမ်းပိုင်းက အရပ်သားသောင်းနဲ့ချီ ရှောင်နေရပါတယ်” လို့အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလပထမပတ်တုန်းကလည်း ပခုက္ကူတပ်မ ၁၀၁ကနေ မြိုင်မြို့နယ်အထိ စစ်ကြောင်းထိုးဝင်ရောက်တဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အထိနာကာ ပခုက္ကူမြို့ဆီ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသေးတယ်။

မေလအတွင်း အကြမ်းဖက်စစ်ကြောင်းရန်က တိမ်းရှောင်နေသည့် ပခုက္ကူခရိုင် ဒေသခံများ (ဓာတ်ပုံ  ပေါက် လူသားစာနာ)

0 Shares:
You May Also Like
Read More

ကျိုက်ထိုတွင် စစ်တပ် ပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

KNU- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ကခုန်ပျော်ပါးတာတွေမလုပ်ဖို့ ကော့သောင်းပကဖ သတိပေး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူတွေကိို စာနာကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်ကာလ မူးယစ်သောက်စားတာတွေနဲ့ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေမလုပ်ဆောင်ကြဖို့ ကော့သောင်းပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်စီးလို့ မီးဘေးသင့်ခဲ့တဲ့ ဘုတလင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့လို့ မီးဘေးသင့်နေတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေကို စစ်ကိုင်း ပြည်သူ ဖေးမကူ ကွန်ယက် အလှူရှင်တွေကိုယ်စား The Helpers For Spring အဖွဲ့က အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။
Read More

မင်းကွန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အရပ်သား ၄ ယောက်ကို အကြောင်းမဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။