စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်အထိုင်ချထားတဲ့ စစ်ကောင်စီတပ် သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မေလ ၂၉ ရက် ညနေပိုင်းက ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ သံပြားကာယာဉ်နဲ့ မုံရွာမြို့သို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်ပေမယ့် နယ်မြေအခြေအနေအရ အတိအကျမသိခဲ့ရဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို PEACOCK Drone Team ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၂ GZ-21 ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၇ B-21 ကနီ PDF ၊ NPDF ယင်းမာပင် ၊ M.D.F drone ကျားခင်စိန် ၊ အားမန်သစ် (ငါန်းဇွန်) ၊ Revolutionary Air Force (Myaung)၊ အောင်သပြေညီနောင် Local PDF (ကျောက်ဆည်) ၊ ဗိုလ်စာကလေး Drone Strike (ကျေးရွာတပ်ပေါင်းစုမြောင်) ၊ Freedom Fighter Drone Force F.F.D.F ၊ Farmer Revolution Force (FRF) မုံရွာခရိုင်အမှတ် ၈ ၊ ရေနဂါးပြည်သူ့ကာ ကွယ်ရေးတပ်တော်(လင်းယုန်ကြီး) နဲ့ Hawk Guerrila Force တပ်ဖွဲ့စတဲ့ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ထိန်းသိမ်းထားသည့် ဆင်များထဲမှ အကောင် ၆၀ ကို TNLA ထံ လွှဲပြောင်းမှု (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA  ထိန်းသိမ်းထားတဲ့ ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို တအောင်းတပ်(TNLA) ထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမြို့အရှေ့ဘက် ကျောက်ရံရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ တောင်ညိုစစ်ကြောင်း ထုတ်ပြန်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်း - P29906 က ထုတ်ပြန်လိုက်ပါတယ်။
Read More

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆို (ရုပ်/သံ)

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုနေတဲ့ ရုပ်သံဖိုင်ကို သပိတ်ကျင်းမြို့နယ်  ပ.က.ဖ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် စိန်ပးန်ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။