၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။

NUG အစိုးရရဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ NUG အလုပ်သမားဝန်ကြီးဌာန တင်သွင်းထားတဲ့ ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြု လက်ခံဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုကို စီးပွားရေးအရ အရေးယူနိုင်ရေးအတွက် အဆိုပါညီလာခံကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ညီလာခံမှာလည်း NUG အစိုးရပါဝင်တဲ့ ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က မြန်မာပြည်မှာ စစ်အုပ်စုကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုလို အကြမ်းဖက်ကျူးလွန်နေမှုတွေ ရပ်တန့်ဖို့အတွက် 113th ILC ကနေ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ပိတ်ဆို့အရေးယူရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

113th ILC ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ဝင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကလည်း မြန်မာစစ်ကောင်စီအနေနဲ့ ဝင်ငွေဆက်လက် ရရှိနေမယ်ဆိုရင် ပြည်သူတွေကို သတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်နေမှာဖြစ်သလို စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေဟာ ILO  စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် စစ်ကောင်စီကို ထိရောက်သည့် အရေးယူမှုမျိုး လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုရီးယားက မြန်မာ့ငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်မည်ဟု ဆို

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောပါတယ်။
Read More

တီမောလက်စတေးမှာ NUG အစိုးရ ဆက်ဆံရေးရုံး တရားဝင် ဖွင့်လှစ်၊” မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်”

တီမောလက်စတေးနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
Read More

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မြန်မာအမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိ…

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မတ်လ ၁၂ ရက်က တွေ့ရှိခဲ့တဲ့ မြန်မာအမျိုးသား ၁ ယောက်ရဲ့အလောင်းဟာ သေဆုံးနေတာ ငါးရက်ရှိပြီလို့ ဆေးစစ်ချက်ထွက်လာပြီး လက်ရှိမှာ သေဆုံးသူနဲ့ အတူနေထိုင်တဲ့ သံသယရှိသူနှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။