ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး – KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားမှာတော့ (WY) ဆေးပြား အလုံးရေတစ်သောင်းခန့်ကို မီးရှိုးဖျက်ဆီးခဲ့ပြီး ဒေသခံတွေဖြစ်တဲ့ ရပ်မိရပ်ဖနဲ့ လူငယ်တွေ ၄၂ ယောက်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ကုန်သည်တွေဟာ မသမာသူ ဒေသခံတချို့နဲ့ ပူးပေါင်းပြီး ကရင်နီဒေသအတွင်း မူးယစ်ဆေးပြားတွေ တင်သွင်းရောင်းဝယ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါမူးယစ်ဆေးဝါးတွေကို လူငယ်အများအပြားသုံးစွဲပြီး ခိုးမှု၊ လုယှက်မှု၊ ဖောက်ထွင်းမှုများစွာ ဖြစ်ပေါ်ခဲ့တာကြောင့် လက်ရှိမှာ မူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ တရားခံတွေကို အရေးယူဆောင်ရွက်နေတယ်လို့ DMO Local PDF က ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ တွေ့ရှိမှု၊ တိုင်တန်းမှုတွေ ရှိလာရင် ဆက်လက်ဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီး ဒေသတွင်းရှိ ပြည်သူတွေအနေနဲ့လည်း လာရောက်ပူးပေါင်း တိုင်ကြားနိုင်တယ်လို့ DMO Local PDF က ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တိုင်းအဆင့်ရဲမှူးပါ ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ ကား ၁စီး ပျက်စီးကာ ကျန်တဲ့ကား ၃ စီးဖြင့် ဒဏ်ရာရသူများကို တင်ဆောင်ထွက်ပြေးသွား

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ မင်းတုန်းမြို့ဘက်ကနေ ဝန်တွင်းကျေးရွာဘက်ဆီ မောင်းနှင်လာတဲ့ တိုင်းအဆင့် ရဲမှူးပါတဲ့ ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအလွန်မှာ သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေဖြစ်နေဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြော 

စစ်ကောင်စီက ၎င်းတို့ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ပြီးစီးပါက သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေ ဖြစ်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ငါန်းဇွန်မှာ တိုက်ပွဲမရှိတဲ့ မြေတိုင်းရွာကို စစ်တပ်က ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်လို့ ၆နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ယောက်ရှိတယ်လို့ Special Task Force Ngazun အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး… အတည်ပြုဖို့ လိုနေတဲ့ ၄၇ ဦးကို စာရင်းပြုစုဖို့ လုပ်ဆောင်နေဟု AAPP ဆို..

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရဲ့ အရှေ့ဘက် တမံကြီးရွာ၊ ဒေါကျော်ရွာနဲ့ ရေတာရှည်ရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု တပ်ဖွဲ့ဖြစ်တဲ့ BTZM GBK PDF က ထုတ်ပြန်ပါတယ်။