ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ ပြင်ပရှိ Broken Chair အောက်မှာ အကြမ်းဖက်စစ်ကောင်စီကို Article 33 အရ အရေးယူနိုင်ရေးအတွက် ဆန္ဒပြပွဲကို ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ (113th ILC) ပြုလုပ်တဲ့နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါဆန္ဒပြပွဲကို ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ နိုင်ငံအသီးသီးက ညီလာခံတက်ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ စစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်ဖို့၊ Article 33 အရ စစ်ကောင်စီအပေါ် အရေးယူနိုင်ရေးကိစ္စကို ညီလာခံ တက်ရောက်လာသူတွေ မဲခွဲဆုံးဖြတ်မယ့်နေ့ကိုရောက်ရင် မြန်မာပြည်သူနဲ့အတူ ရပ်တည်ဖို့ စသဖြင့် တောင်းဆို ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့တဲ့ နိုင်ငံတကာအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကလည်း မြန်မာပြည်သူတွေနဲ့ အတူတူ ရပ်တည်ကာ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ချက်ချင်းရပ်တန့်ပြီး Article 33 အရ အရေးယူရေးကိစ္စရပ်တွေကို အတူ တောင်းဆိုဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာတော့ 113th ILC ကို တက်ရောက်တဲ့ NUG အစိုးရရဲ့ ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ဖြစ်တဲ့ NUG ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနဲ့အတူ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကိုယ်စားလှယ်တွေက အမှာစကား ပြောကြားခဲ့ပြီး မြန်မာပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အရပ်ရပ်ကို မီးမောင်းထိုးပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မယ်စဲ့ အကျဉ်းထောင်မှ ထောင်ဖောက် ပြေးသည့် အကြမ်းဖက် စစ်တပ် အရာရှိတဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီး ရမိထား

ကရင်နီပြည်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံးပန်းတွေထဲက စစ်တပ်အရာရှိ တယောက်ကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

မြန်မာစစ်တပ်၏ KK Park စီးနင်းမှု အတုအယောင်သာ ဖြစ်၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် ဒေသတွင်းမတည်ငြိမ်မှု၏ ရေသောက်မြစ် မြန်မာစစ်အုပ်စုကို နိုင်ငံတကာနှင့် အာဆီယံ မဖြစ်မနေ အရေးယူရန် JFM တိုက်တွန်း

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်အနေနဲ့ KK Park ကို ဝင်ရောက်စီးနင်းမှုဟာ အတုအယောင်သာဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုရဲ့ ရေသောက်မြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာနဲ့ အာဆီယံက မဖြစ်မနေ အရေးယူဖို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

ကာစီနိုနဲ့ လောင်းကစားဥပဒေကြမ်းကို ထိုင်းအစိုးရ အတည်ပြု

ထိုင်းမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ကာစီနိုတွေကို တရားဝင်လည်ပတ်ခွင့်ပြုဖို့ ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။ 
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။