အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ မေလတစ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၁၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေနဲ့ TNLA တပ်ဖွဲ့ရှိရာနေရာတွေကို ဦးတည်ပြီး လေကြောင်းကနေ (၁၂)ကြိမ်၊ လက်နက်ကြီး (၇၇၆)လုံး၊ ဒရုန်းဗုံး (၃၂၉)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၁၄၄)လုံးတို့ လာ‌ရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၆) ယောက် သေဆုံးခဲ့ပြီး (၁၄) ယောက် ဒဏ်ရာရရှိတဲ့အပြင် နေအိမ် (၈)လုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ကျောက်မဲမြို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က လေကြောင်းကနေ (၂)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာလည်း စစ်ကောင်စီရဲ့ ပြည်သူလူထုကို ဦးတည်တဲ့ လေကြောင်းကနေ (၆)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗုံးကျရောက်ပေါက်ကွဲမှုတွေကြောင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၈)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းငေါ့မြို့နယ်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ (၁)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို မိုင်းလုံမြို့နယ်ကိုလည်း လေကြောင်းကနေ (၃)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မန်တုံမြို့မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ (၂)ကြိမ် လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင် နေအိမ်(၂၇)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရပ်သားဟန်ဆောင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရေးဘီလူး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးသင်တန်းဆင်း ရဲမေအပါ စစ်သား ၅ ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးသင်တန်းဆင်းရဲမေ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

ရွှေဘိုတွင် စစ်အုပ်စု ဘန်ကာကင်းတစ်ခုကို ပကဖတပ်များ သိမ်းပိုက်မီးရှို့၊ စစ်အုပ်စု ၂ ဦး သေပြီး လက်နက်တချို့လည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူမှာ နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အသိပညာပေးစာစဥ်များ ဖြန့်ဝေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် သတိပြုဖို့ အချက်တွေ ပါဝင်တဲ့ စာစဉ် ဖြန့်ဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ…

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်က အရပ်သားပြည်သူများကို မတရားသတ်ဖြတ်၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချနေဟု KNDF ဗျူဟာ ၉ ထုတ်ပြန်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာမှု မလုပ်ရန် အသိပေးတိုက်တွန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချသလို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ ၉ က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။