မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း ကုက္ကိုစုရွာမှာ သရက်သီးထွက်ကောက်တဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂ ရက် နေ့လယ် ၂ နာရီခွဲကျော်လောက်မှာ ကုက္ကိုစုရွာက ပျုစောထီး ၆ ယောက်ဟာ အနောက်တောင်ခြမ်းဘက်ကို သရက်သီးထွက်ကောက်ချိန် ကင်းပုန်းဝပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ပျူစောထီးတပ်သား ၃ ယောက် ထွက်ပြေးလွတ်မြောက်သွားပြီး ၃ ယောက်ကတော့ ထိမှန်သေဆုံးကာ AK 47 တစ်လက်နဲ့ ကျည် ၂၆ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပျူဘက်က ကျနော်တို့ မြင်တာကတော့ ၆ ယောက်လောက်ရှိတယ်။ ၃ ယောက်ကတော့လွတ်တယ်။ အဲဒီ ၃ ယောက်ထဲက ၁ ယောက်တော့ ထိခိုက်ပြင်းတယ်၊ ကြားသိရတယ်။” လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်တေဇ က မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကုက္ကိုစုကျေးရွာထဲက စစ်အုပ်စုတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဟာ အဆိုပါ ပျူစောထီးတွေကို ပစ်ခတ်ဖို့အတွက် ၃ ရက်လောက်စောင့်ကြည့်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုကို နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ ၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပေါက် ပကဖ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့က ပေါက်မြို့နယ် မြောက်ပိုင်း ကုက္ကိုစုပျူရွာက အသက်ကြီးရွယ်အို အဖိုးအဖွား ၂ ယောက်ကို ကယ်ထုတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သူပုန်ဖြူ” ကဗျာစာအုပ်များလက်ဆောင်ပေးသည့် AA ကို ယောတပ်တော် ကျေးဇူးတင်

"သူပုန်ဖြူ" ကဗျာစာအုပ်တွေကို မရောင်းချမီကတည်းက တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို လုပ်ဆောင်တာဟာ "သူပုန်ဖြူ Team" က ကြိုတင်စီစဉ်ထားတာဖြစ်ပြီး လက်ဆောင် ပေးရတာဟာလည်း ကဗျာစာအုပ်မှာ ရေးသားထားတဲ့ စာသားတွေနဲ့ စကားလုံးတွေဟာ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အား ရရှိအောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ကိုးပင်-သာဂရလမ်းပိုင်းတွင် ဂိတ်အချိန်းအပြောင်းလုပ်သည့် စစ်သားများ မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအပါ ၈ ဦး သေပြီး ၁၁ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ကိုးပင်-သာဂရလမ်းပိုင်းမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြိုမိုင်းဆွဲခံရပြီး ဗိုလ်ကြီးအဆင့်ရှိအပါ ၈ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၁ယောက်အထိရှိခဲ့ကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးမြို့အနီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုရုံးပေါင်းစုံက စစ်အုပ်စုတွေကို MBTအဖွဲ့၊ ပြောက်ကျား သွားရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ၃ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ရုံးပေါင်းစုံ (ရေစကြိုထွေအုပ်ရုံး) ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။