ထိုင်းနိုင်ငံ၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်က သန္တာကျောက်တန်းတွေကို ဝင်တိုက်ခဲ့တဲ့ မြန်မာကုန်တင်စက်လှေ ပိုင်ရှင်ကို ထိုင်းဘက်က နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂ သန်း တောင်းခံထားကြောင်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်၊ တောရိုင်းသဘာဝနှင့် အပင်များ ထိန်းသိမ်းရေးဌာက အခုလို လျော်ကြေးတောင်းခံခဲ့တာပါ။

မြန်မာ့ကမ်းရိုးတန်းစောင့် အာဏာပိုင်တွေဆီကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် “MV.AYAR LINN” အမည်ရှိ ကုန်တင်စက်လှေဟာ ဇွန် ၁ ရက်နေ့က ဖန်ငခရိုင်၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်မှာရှိတဲ့ ဂျက်ပင်လယ်အော်က သန္တာကျောက်တန်းတွေကို တိုက်မိပြီး သောင်တင်သွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ အန်ဒမန်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်ဟာ မူလအခြေအနေအတိုင်း မပျက်မစီးဘဲ ကျန်ရှိနေသေးတဲ့ သန္တာကျောက်တန်းတွေနဲ့ အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲတွေရှိတာကြောင့် ကျော်ကြားတာဖြစ်ပါတယ်။

အဆိုပါ မတော်တဆမှုဟာ သန္တာဂေဟစနစ်ကို အတော်လေး ဆုံးရှုံးပျက်စီးစေခဲ့ကြောင်း အမျိုးသားဥယျာဉ်၊ တောရိုင်းသဘာဝနှင့် အပင်များ ထိန်းသိမ်းရေးဌာန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Atthaphon Charoenchansa က ဇွန် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စက်လှေဟာ သန္တာကျောက်တန်းတွေကို ကနဦး စတိုက်မိရာကနေ ၇၅ မီတာအရှည်ရှိတဲ့ ပျက်စီးလမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေခဲ့တာကြောင့် သန္တာမျိုးစိတ် ခြောက်မျိုး၊ သန္တာကျောက်တန်း ၁၅၀ စတုရန်းမီတာခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကတ်ထူပုံးတွေ၊ အထည်စတွေ၊ ကားတာယာတွေ၊ ရော်ဘာပိုက်တွေနဲ့ အခြား စွန့်ပစ်ပစ္စည်းတွေလည်း ကုန်တင်စက်လှေကနေ ပြန့်ကျဲသွားခဲ့တဲ့အပေါ် ဥယျာဉ်တာဝန်ရှိသူတွေက စိုးရိမ်လျက်ရှိပါတယ်။

ဒါ့အပြင် ပင်လယ်ထဲမှောက်ကျရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ် ကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်တဲ့ ဘိလပ်မြေအိတ် ၃၀၀၀ ကျော်ကိုလည်း စက်လှေမှာ တင်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“သင်္ဘောက မြန်မာအာဏာပိုင်တွေကို ရှောင်လွှဲဖို့ ကြိုးစားနေပုံရတယ်၊ တင်လာတဲ့ ကုန်ပစ္စည်းတွေကလည်း တရားဝင်ပုံရတာကြောင့် ဘာကြောင့်(ရှောင်နေရ)လဲဆိုတာကို သေချာ တိတိကျကျမသိဘူး” လို့ Charoenchansa က ပြောပါတယ်။

ဆူရင်ကျွန်း အမျိုးသားဥယျာဉ်ရှိ ပျက်စီးနေသော သန္တာကျောက်တန်းများပေါ်တွင် ခိုနေသည့် မြန်မာကုန်တင်သင်္ဘောတစ်စင်း၏ သင်္ဘောကိုယ်ထည်ကို ဇွန် ၄ ရက် ၂၀၂၅ အမျိုးသားဥယျာဉ်ဦးစီးဌာနမှ ထုတ်ပြန်သည့် ရေအောက်ဗီဒီယိုဖိုင်တွင် ဖော်ပြပါရှိသည်။ (ဓာတ်ပုံ Khaosod English)

သန္တာကျောက်တန်းတွေကို သဘာဝအတိုင်း ပြန်လည်ထူထောင်နိုင်ရေးအတွက် ထိခိုက်ပျက်စီးခဲ့တဲ့နေရာကို အမျိုးသားဥယျာဉ်အကြီးအကဲက ယာယီပိတ်ထားလိုက်ပါတယ်။

စက်လှေပိုင်ရှင်ကတော့ လာရောက်ဝန်ခံထားတာမျိုးမရှိသေးပေမယ့် ဥယျာဉ်အာဏာပိုင်တွေကတော့ ပိုင်ရှင်ကို ဆက်သွယ်ဖို့ ကြိုးပမ်းနေကြကြောင်း သိရပါတယ်။

ဒါ့အပြင် မိုးရာသီမှာ နောက်ထပ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဆက်မဖြစ်အောင် လုပ်ဆောင်နေသလို တရားဥပဒေအရ အရေးယူမှုတွေလည်း လုပ်ဆောင်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ကုန်တင်ရေယာဉ် “MV.AYAR LINN” သည် ဇွန်လ ၁ ရက်၊ ၂၀၂၅ ခုနှစ် ဖန်ဂန်ပြည်နယ် ဆူရင်ကျွန်းစု အမျိုးသားဥယျာဉ် Jak ပင်လယ်အော်ရှိ သန္တာကျောက်တန်းများပေါ်တွင် သောင်တင်နေပါသည်။ (ဓာတ်ပုံ Khaosod English)

မူရင်းသတင်း – MYANMAR CARGO SHIP DAMAGES THAI CORAL REEF, FACES $366K BILL

0 Shares:
You May Also Like
Read More

မြန်မာရွှေ့ပြောင်းများအပေါ် ထိုင်းအာဏာပိုင်များ၏ အမြတ်ထုတ်မှု လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံ

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဟာ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှု ပြေလည်ကြဖို့ နှစ်နိုင်ငံခေါင်းဆောင်များကို အာဆီယံဥက္ကဋ္ဌ ဖုန်းခေါ်၊ နှစ်နိုင်ငံနယ်စပ်မှာတော့ နှစ်ဖက်တပ်အင်အားများ တိုးမြှင့်လာကြ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာအရေး နှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေပြေလည်လည် ဖြေရှင်းကြဖို့ အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။ 
Read More

နှစ်ကုန်ပိုင်းမဟုတ်ရင် ၂၀၂၆ ခုနှစ်အစမှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု မင်းအောင်လှိုင် စီစဥ်နေ…

အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလ ထဲမှာ ရွေကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ရုရှားမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ထရမ့် တိုးမြှင့်

ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။